(၇၆)

7.5K 751 16
                                    

{Unicode}

အခန်း(၇၆)

လီလော့သည် တံခါးဝရှိ မပျော်မရွှင်ဖြစ်နေဟန်တူသည့် အမျိုးသားအား ငေးကြောင်ကြောင်ကြီး ကြည့်နေမိသည်။

သွမ့်မင်ယန် ရုတ်တရက် ပေါ်လာခြင်းကြောင့် အံ့ဩသင့်ရမှုတစ်ဝက်၊ သွမ့်မင်ယန်၏ ချောမောမှုကြီးကြောင့် အံ့ဩသင့်ရမှုတစ်ဝက်ဖြင့် လီလော့မှာ စကားဆိုဖို့ပင် မေ့သွားရသည်။

ဤအခြေအနေမှာ တစ်ခါတုန်းဆီက ညစာစားပွဲရက်နှင့် သွားဆင်နေသည်။ သွမ့်မင်ယန်သည် ထိုညတုန်းကလည်း ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသည့် အသွင်အပြင်၊ ရင်သပ်ရှုမောဖွယ်ရာ အကြည့်တို့ဖြင့် ထွက်ပေါ်လာခဲ့ဖူးသည်။

ကွာခြားချက်မှာ ထိုအချိန်က သွမ့်မင်ယန်သည် သူ့ နှလုံးသားကို ကွဲစေခဲ့ကာ စိတ်ပျက်သွားအောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခု သူ့ရှေ့ရှိ သွမ့်မင်ယန်ကမူ နှလုံးခုန်နှုန်း မှားယွင်းသွားစေသည်အထိ ပြုစားနေခဲ့တာပင်။

နားနေခန်းအတွင်းရှိ လူသားသုံးဦးသည် တိတ်ဆိတ်ငြိမ်သက်လျက်။

ဦးဆုံးလှုပ်ရှားလာသူမှာ ကျန်းလျို့ရှဲန်းဖြစ်ပြီး အန္တရယ်ရှောင်ကွင်းဖို့ အကြောင်းပြချက်ကိုပါ တစ်ခါတည်း တင်သွင်းလာ၏။

" ဒါ ငါနဲ့ ဘာမှ မဆိုင်ဘူးနော်၊ သူ့အပြုအမူ သူ ဂရုမစိုက်တာက အဲ့ကောင်ပဲ၊ ဒါကြောင့်မို့ ငါ့ကို ဆွဲသွင်းဖို့ မကြံစည်လေနဲ့ "

လီလော့သည်လည်း ကျန်းလျို့ရှဲန်း၏ အင်္ကျီလက်ကို ကိုင်ဆွဲထားရာမှ အလျင်အမြန် ပြန်လွှတ်လိုက်ပြီး

" ဒါက မင်း မြင်လိုက်တဲ့အတိုင်း မဟုတ် ... "

" Mr.ကျန်း "

သွမ့်မင်ယန်သည် လီလော့ဆီတွင်ရှိနေသည့် အကြည့်တို့ကို ရုပ်သိမ်းလိုက်ပြီး ကျန်းလျို့ရှဲန်းနား ချဥ်းကပ်သွားကာ ပြောလိုက်သည်။

" ကျေးဇူးပြုပြီးတော့ ရှောင်ပေးလို့ ရမလား "

တစ်ချက်လှမ်းလိုက်လေတိုင်း ထွက်လာသည့် ရှူးဖိနပ်သံကြောင့် လီလော့၏ နှလုံးသားလေးသည် ခုန်ထွက်လာတော့မလားဟုပင် မှတ်ထင်ရသည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now