(၂၆)

6.5K 911 27
                                    


{Unicode}

အခန်း(၂၆)




လီလော့၏ မူလရည်ရွယ်ချက်မှာ မီးစကို ပျိုးချင်ရုံလောက်သာ။ သို့သော်ငြား ပြင်းအားမြင့်ဗုံးတစ်လုံးအား ဖောက်ခွဲမိလျက်သား ဖြစ်သွားရ၏။

သူ၏ အသိစိတ်တို့ ပြန်ဝင်လာချိန် ကိုယ်တိုင် အိပ်ရာပေါ် အဖိခံထားလျက်နှင့် သွမ့်မင်ယန်၏ ပြင်းပြကြမ်းတမ်းသည့် အနမ်းတို့ကို ခံယူနေရပြီး စကားတစ်ခွန်းတောင် ပြောနိုင်စွမ်းမရှိတော့။

နိုင်လိုမင်းထက်နှင့် တတိတိ ကိုက်ဝါးခံထားရသောကြောင့် သူ၏ နှုတ်ခမ်းနှစ်လွှာမှာ နီထွေးစိုစွတ်ကာ ခပ်ဖူးဖူးလေးပင် ဖြစ်နေသည်။ မေးရိုးသည်လည်း ပြန်စေ့၍ မရလေအောင် မြဲမြံစွာ အချုပ်ခံထားရသည်ဖြစ်ရာ ခံတွင်းရည်ကြည်တို့သည် မေးဖျားမှတဆင့် လည်တိုင်ထိတိုင်အောင် အတန်းလိုက် စီးကျလို့နေ၏။

လီလော့ ထင်ခဲ့မိသည်မှာ သွမ့်မင်ယန်၏ စရိုက်အရ သူနှင့် တွဲဖို့ လက်ခံလိုက်ပြီဆိုလျင်တောင် အလွန်ဆုံး လိုက်လျောလှ တစ်ယောက်နှင့်တစ်ယောက် ထိရုံတို့ရုံလောက်ဟုသာ။ ဤကဲ့သို့ ပြင်းပြသည့် အနမ်းမျိုးနှင့် အစပျိုးရလိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့မိ။ စိတ်လှုပ်ရှားမှုကြောင့် သူ့တစ်ကိုယ်လုံး ပျော့ခွေကာ သွားရသည့်အပြင် သွမ့်မင်ယန်၏ လည်တိုင်ကို တွဲခိုထားခဲ့သည့် လက်တွေကပါ မသိမသာလေး တုန်ခါနေ၏။

သူ၏ ပထမဆုံးသော အနမ်းလေးဖြစ်သည်ကြောင့် နူးညံ့ညင်သာစွာ နမ်းပေးဖို့ရန် သွမ့်မင်ယန်ကို ပြောချင်မိသော်လည်း မတိုင်မီက ရဲတင်းစွာပြုမူခဲ့မိသည့် ပုံစံကြောင့် ယခုမှ အတွေ့အကြုံမရှိသည့်အကြောင်း ဝန်ခံလိုက်ဖို့ရာကလည်း နောက်ကျနေပြီဖြစ်သည်။ ဒီလိုသာ ထုတ်ပြောလိုက်မိလျင် သူ့မျက်နှာ ပျက်ရမည်က အသေအချာ။

သို့နှင့် သူသည် သွမ့်မင်ယန်လုပ်နေသည့်အတိုင်း အတုယူကာ ပူးပေါင်းဆောင်ရွက်ဖို့ရန်သာရှိတော့သည်။ သူ့လျှာဖျားကို သွမ့်မင်ယန်၏ လျှာဖျားနှင့် ရစ်ပတ်တွယ်ဆက်ထားစေလျက် တက်ကြွစွာ တုန့်ပြန်လိုက်သည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now