(၄၁)

6.6K 914 32
                                    


{Unicode}

အခန်း(၄၁)

ကားဂိုဒေါင်မှနေ၍ သွမ့်မင်ဟန်၏ ဆိတ်ငြိမ်တိတ်ဆိတ်သည့် အိမ်မကြီးဆီ တစ်မိနစ်ခန့်မျှ ဆက်လျှောက်ရသည်။ ထိုအချိန်တွင် လော်ဖန်ဆီမှ ဖုန်းဝင်လာသည်။ ထိုသူခမျာ လီလော့အား အော်ငေါက်ဖို့ရာ မရဲလေရာ ငိုသံနှင့် တောင်းတောင်းပန်ပန် ပြောရှာလေ၏။

"ဘိုးဘေးလေးရယ် .. မင်း ပြဿနာမရှာဘဲ မနေနိုင်ဘူးလားကွာ .. ဒီကိစ္စကြောင့်မို့ ငါတို့ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့တွေ ဘယ်လောက်တောင် ရှုပ်ရှက်ခပ်သွားရသလဲလို့"

"ခင်ဗျား အရမ်းကြီး စိုးရိမ်နေစရာ မလိုပါဘူး .. ကျွန်တော် ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်"

"အားလော့ .. သွမ့် .. ဥက္ကဋ္ဌသွမ့် .. သူ့ကိုကော ဘယ်လို ပြောပြရမှာလဲ .. သူ .... "

"သူကောပဲ .. ဒီမှာ ကျွန်တော်နဲ့အတူ ရှိနေတာ"

လီလော့သည် ဆိုဖာရှိရာဆီ သွားကာ ဝင်ထိုင်လိုက်ပြီး စားပွဲပေါ်တွင် အသင့်ချထားသည့် ဝိုင်နီကို ငှဲ့ကာ ဗြုန်းစားကြီး မော့ချလိုက်သည်။ နှုတ်ခမ်းထက်တွင်မူ အပြုံးခပ်ဖျော့ဖျော့က ထင်ဟပ်လျက်။ သွမ့်မင်ယန်သည် ဖုန်းပြောနေသည့် လီလော့ရှိရာဘက်ဆီ မျက်မှောင်ကြုံ့ကာ လှမ်းကြည့်နေ၏။

"အင်း .. သူ ကျွန်တော့်အပေါ် အရမ်းကောင်းပါတယ်"

လော်ဖန်က

"အိုး .. တော်သေးလို့ .. ဒါဆိုလည်း မင်းတို့ လုပ်စရာတွေ များနေမှာပေါ့ .. ငါ လိုက်ရှုပ်မနေတော့ဘူး"

ပြောပြီးချင်းချင်းပင် မသင့်တော်သည့် စကားများအား ကြားလိုက်ရမည်ကို စိုးရိမ်နေဟန်နှင့် လော်ဖန်သည် ဖုန်းကို တန်းချပလိုက်သည်။ သို့သော် နောက်စက္ကန့်ပိုင်းအတွင်းမှာပင် ဖုန်းက တဖန်မြည်လာပြန်၏။ တစ်ခုပြီးသွားသည်နှင့် အခြားအရေးကြီးပြန်သည့် အဝင်ဖုန်း တစ်ခုပြီး တစ်ခု အဆက်မပြတ် ဝင်လာလေရာ ဧည့်ခန်းမှာ ပွက်လောရိုက်၍ သွားတော့သည်။

လီလော့သည် ပြုံးကာဆို၏။

"ငါ့ဖုန်းကို ယူသိမ်းသွားလိုက်လို့ မပြောခဲ့ဘူးလား .. ခုကျ ကြည့် .. မင်း သဘောတူတူ မတူတူ ငါ ပိတ်ချပစ်လိုက်တော့မယ် .. အဲ့လောက်ထိ ဆူညံနေတာ ဘယ်လိုလုပ်ပြီး ခံနိုင်မှာလဲ"

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now