အပိုင်းပို။ (ဖွင့်ပြောခြင်း)

1K 48 3
                                    

Unicode

   "ကလေး....ဒီကိုခဏလာခဲ့အုံး"

"ဟုတ်..သူရဲကောင်လေး"

  ရှောင်ကျန့်သည် ရီဟွာရွာလေးတွင် လ၀က်အတွင်း ကလေးအစခွေးအဆုံး သူရဲကောင်းလေဟု ပြောလိုက်တာနှင့် ရှောင်ကျန့်ဆိုတာ တန်းသိကြလေပြီ။

"ကိုကို့..ကို..တစ်ခုကူညီပေး"

  ကလေးလေးတစ်ယောက်ကို တိုးတိုးလေးပြောကာ အလုပ်တစ်ခုခိုင်း‌သည်။ရှောင်ကျန့်မှာ ထိုကလေးထွက်သွားသည်နှင့် လက်ပိုက်ကာ ရိပေါ်ရှိရာ တဲဆီကိုပြန်လာခဲ့လိုက်သည်။ အိမ်ရောက်သည်နှင့် ရိပေါ်သည် အိမ်ရှေ့က သစ်သားစားပွဲပေါ်တွင် စရင်းစာအုပ်များနှင့် အလုပ်ရှုတ်နေသည်ကို တွေ့လိုက်ရတာကြောင့် နောက်မှ အသာလေးသွားကာ မျက်လုံးကို လက်နှစ်ဖတ်ဖြင့် အုတ်ကာ

"အယ်..ခန့်မှန်းစမ်း..."

"ရှောင်ကျန့်!!"

"ရိပေါ်....ဘာလို့အော်နေရတာလဲ...နင့်ထက်အကြီးကို..."

"ခင်များကို မအော်စေချင်ရင်...ဘာလို့အခုလို့တွေလာလုပ်နေတာလဲ"

"အဲ့ဆို မကြိုက်ဘူးပေါ့"

"ခင်များအားယားနေတဲ့ပုံဘဲ"

"အားလည်းမအားဘူး..ယားလဲမယားဘူး..ယားလို့ မမှီတဲ့နေရာရှိရင် ..ရိပေါ်ကုတ်ပေးမှာလား..ဖြေလေ"

"အရှက်မရှိလိုက်ပုံများ"

"ဟဲဟဲ..."

  ရှောင်ကျန့်သွားဖြဲပြကာ မြှောက်ကြွမြှောက်ကြွဖြင့် ရိပေါ်ရှေ့မှထွက်လာခဲ့လိုက်သည်။ဒီကနေ့ ခင်များ ငါ့လက်ထဲပြေးမလွှတ်ပါဘူးကွ..ရိပေါ်ရ။ရှောင်ကျန့် အိမ်ထဲသို့ မ၀င်ဘဲရွာအပြင်ဘက်သို့ ဦးတည်လိုက်သည်။

  ညနေစောင်းလို့ မှောင်ရီပျိုးနေပြီဖြစ်သော်လည်း ကိုကိုပေါ်မလာတာကြောင့် ရိပေါ် ထိုင်မရထရဖြစ်နေရသည်။နေ့လည်ကသူအော်လိုက်လို့ ၀မ်းနည်းပြီးထွက်သွားပြီလားမသိဘူး..ကျစ်.. ရိပေါ်စိတ်တိုစွာဖြင့် ကျစ်တစ်ချက်စုတ်သတ်ကာ အိမ်ပေါက်၀ကို လည်ပင်းမော့မော့ မော့မော့နဲ့ မျှော်နေမိသည်။
   ယခုရိပေါ်ဖြစ်နေသည့်ပုံဟာ လင်ပြန်မလာသေး၍ မိန်းမစိတ်ပူနေတဲ့ပုံဖြစ်နေပြန်သည်။မိန်းမက ရှောင်ကျန့် အမြဲစိတ်ပူရအောင်အမြဲလုပ်တတ်တယ်။

ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်ပျိုးထောင်မယ်(Complete ✓)Where stories live. Discover now