ဇာက်သိမ်းပိုင်း

1.6K 73 8
                                    

Unicode

  "ရိပေါ်..."

  ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ချန်းကို သူကိုယ်တိုင် ရိပေါ်ကို မေ့ဆေးပေးပြီး အ‌ဝေးတနေရာကို ထွက်သွားခိုင်းထားတာပါ ဘယ်ကနေဘယ်လို ချန်းက ရိပေါ်နဲ့အတူတွဲကာ အခုအချိန်ပေါ်လာရတာလဲ ရှောင်ကျန့် သတိလက်လွှတ် တံခါးပေါက်ရှိလူနှစ်ယောက်ကို ငေးမောကြည့်နေမိသည်။

"သခင်လေး...ကျွန်တော်...တောင်းပန်ပါတယ်..ဒီတခါအမိန့်ကို မလိုက်နာနိုင်တော့တာ..ခွင့်လွှတ်ပါ"

"ဟက်.."

  အစီစဉ်တွေအကုန်လုံးဟာ သဲထဲရေသွန်သလို ဖြစ်သွားရသည်။ ရိပေါ်ရဲ့ မျက်၀န်းများမှာလည်း စိတ်တိုနေဟန် နီရဲလို့နေ၏။
ရီအမတ်ကြီးဟာ သတိလက်လွှတ်ငေးနေသော ရှောင်ကျန့်ကို တစ်ချက်ကြည့်ကာ သူ့သမီးဖြစ်သူ၏ လက်ကို အမြန်လှန်းဆွဲလိုက်မိ‌ တော့ဓါးသည် အသွားထတ်လှတာကြောင့် ရီသခင်မလေးရဲ့ လည်ပင်းဟာ တိကနဲ့ ရှကာ ‌လည်ပင်းရှိသွေးများသည် မဂ်လာ၀တ်စုံအတွင်းသို့ စီးဆင်းသွားကာ ခွေလဲကျသွား၏။
    ရီအမတ်ကြီးဟာ သွေးရူးသွေးတန်းဖြင့် သူ့သမီးနားသွားကာခေါင်းလေးကို ပွေ့ကိုင်ရင်း လက်ညှိုးတထိုးထိုးဖြင့် ရှောင်ကျန်းဘက်လှည့်ကာ

  "အကုန်မင်းကြောင့်...ငါသမီးလေးသေရတာ...."

   ရှောင်ကျန့်၏ လက်ထဲမှ ဓါးသည် မြေပြင်သို့ ပြုတ်ကျသွားကာ ချွင်ဆိုတဲ့ အသံနက်ကြီးနောက် ဟက်ကနဲ့ ရီရင်း
 
"ဟက်...ရီအမတ် ...ခင်များကြောင့် ဒီလိုမျိုးဖြစ်ရတာ...ခင်များသာ ...အာဏာရူး‌မနေခဲ့ရင်..အခုလိုမျိုးဖြစ်လာစရာအကြောင်းမရှိဘူး...နောက်ပြီး...ရီသခင်မလေးသေတာလည်း ခင်များမဆင်မချင် လုပ်လိုက်တာကြောင့် အဲ့ဒါကို ရောသိလား"

  ဟုတ်ပါသည် ရီသခင်မလေးရဲ့ လည်ပင်းနားတွင်တေ့ထားသော ဓါးသည် ဒီတိုင်းငြိမ်နေရင် ထိခိုက်စရာအကြောင်းမရှိ ရီအမတ်ကြီးရဲ့ ဆွဲလိုက်မှုကြောင့် လည်ပင်းတွင်ကပ်ထားသော ‌ဓားသည် လှုပ်ရှားလိုက်တာကြောင့် ရီသခင်မလေးရဲ့ လည်ပင်းကို ပိုင်းဖြတ်သလို ဖြစ်သွားရသည်။

  "ဟား..ဟား...ဟား...မင်းတို့ တွေအကုန်လုံးကို သေစေရမယ်...လာကြစမ်း..မြားသမားတွေအကုန်ပြစ်ကြ"

ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်ပျိုးထောင်မယ်(Complete ✓)Where stories live. Discover now