အပိုင်း 4

1.9K 108 11
                                    

  Unicode

စာရေးသူ= ပြောတော့ ၀မ်ရိပေါ်ရဲ့
                    Fan boyအရူးလေးပါဆို ?အခု
                    ကြ‌တော့ခိုင်းစားနေလိုက်တာ!!

ရှောင်ကျန်း=နင်တောင် နင်ချစ်တဲ့idolကိုငါ့
                    လိုခိုင်းစားလို့ရမှ လာပြော ဟန့်!!

စာရေးသူ= (ငါဘက်က မှားတာပါ🎵🎵)

************************************
  "သခင်လေး....သခင်လေး...သခင်လေး!!!"

"ဟမ်!...ဟမ်!"

"သခင်လေး.....ထတော့ဗျ ...သခင်လေးအိပ်နေတာ နေလုံးတောင်ဖင်ထဲ၀င်တော့မယ်ဗျ"

"ဟမ်!!....ဘယ်အချိန်ရှိပြီလည်း ချန်း"

ချန်းမှ သက်ပြင်းချကာ

"ညနေရောက်နေပြီဗျ"

ရှောင်ကျန့်သည် ညနေဆိုသောအသံကို ကြားသည်နှင့် နဖူးကို ညာဘက်လက်ဖြင့် တစ်ချက်ရိုက်ကာ

"အာမေ့နေတာ ...ဒီကနေ့ ရိပေါ်လေးစီသွားစရာမလိုဘူးဘဲ...ချန်း!! ငါပြန်အိပ်တော့မယ် ..လာမနှိုးနဲ့ကြားလား!!"

"ဟုတ် သခင်လေးရှောင်"

  ချန်းကခေါင်းကိုခါရမ်းကာ အခန်းတွင်းမှ ထွက်ခွာသွားသည်။ချန်းသတိထားမိတာတော့ကြာပြီ ရှောင်သခင်လေးရေနစ်ပြီးပြန်ရှင်လာကတဲ့က ပြောင်းလဲသွားသည်။
    အရင်ကဆို အမြဲနုညံ့သိမ်မွှေ့ကာ အနေအေးသည်။မနက်ပိုင်းဆိုလျှင်စောစောထတတ်သူမျိုး။အခုရှောင်သခင်လေးနှင်အရင်ရှောင်သခင်လေးသည် လူချင်းများလွဲသွားသလားကိုအောင်းမေ့ရသည်။သို့သော်ချန်းရင်ထဲတွင် ယခုလို ပေါ့ပေါ့ပါးပါးနေတတ်သော ရှောင်သခင်လေးကို ပို၍ခင်တွယ်မိသည်။

*********
  "ရိပေါ်လေး....ရိပေါ်လေး!!"

"ရှောင်သခင်လေးမှ ၀င်ခွင့်တောင်း..."

ကုန်းကုန်းစကားသံတောင်မဆုံးသေး ရှောင်ကျန့်သည် အသံသေးအသံညှောင်နှင့်ပြောနေသော ကုန်းကုန်းကို တွန်းတိုက်ကာ ၀မ်ရိပေါ်အခန်းထဲသို့ အပြေးတပိုင်း၀င်လာခဲ့လိုက်သည်။
        နောက်မှ တံခါးစောင့်နှစ်ယောက်နှင့် ကုန်းကုန်းတို့ကတော့ ရှောင်ကျန့်နောက်အပြေးတပိုင်းလိုက်ကာတားကြသည်။ သူတို့အရှင့်သားအကြောင်းသူတို့သာအသိဆုံးဖြစ်သည်။အရှင့်သား၀င်ခွင့်ပြုမှသာ အကုန်လုံး ၀င်ထွက်သွားလာ၍ရ၏။ အမိန့်မပါဘဲ ၀င်ထွက်လျှင် ထို၀င်ထွက်လုပ်သည့်သူ၏ ခြေထောက်နှစ်ချောင်းလုံးကို ရိုက်ချိုးတတ်၏။

ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်ပျိုးထောင်မယ်(Complete ✓)Where stories live. Discover now