အပိုင်း 6 Uni

2.2K 115 7
                                    

‌4နှစ်ကြာ‌သော်
 
      ရှောင်ကျန့်တစ်ယောက် ဖင်ပြန်ခေါင်းပြန် အပျင်းကြီး နေရသည်။အဘယ့်ကြောင့်ဆိုသော် ရိပေါ်မရှိကတဲ့ကပင်။နေ့တိုင်း ပျင်းတယ်နှင့် နေထွက်၍ ပျင်းတယ်ဟု ရေရွတ်ကာနေ၀င်လေသည်။
 
"သခင်လေး....သခင်လေး...!!!!"
 
အပြင်မှ ပြေးကာ ပြန်လာသော ချန်းကို ရှောင်ကျန့်က ကုတင်ပေါ်ပတ်လပ်လှဲနေရာကနေ
 
"ဘာဖြစ်လို့လဲချန်း!! မင်းအစားမောလိုက်တာ"

  "သခင်လေး!!...အိမ်ရှေ့စံ...အိမ်ရှေ့စံ"

"ရိပေါ်လေး ဘာဖြစ်လို့လဲ"

"အိမ်ရှေ့စံပြန်လာပြီ....သတင်းကြာလာတာကတော့ နယ်စပ်ဒေသ‌ တွေကအရှင့်သားနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်နိုင်ခဲ့ပြီသခင်လေး...နောက်ပြီ ..."

"နောက်ပြီ ဘာဖြစ်လို့လဲ"

"မြို့ထဲပြန့်နေတဲ့သတင်းက...အိမ်ရှေ့စံကမြို့တော်ပြန်လာတာ မဂ်လာဆောင်ဖို့တဲ့"
  
  ရှောင်ကျန့်အနည်းငယ် မျက်နှာညှိုးသွားရသည်။သူ့ကျမှ ကံဆိုးချက်ဘဲကိုယ့်idolရဲ့ မဂ်လာဆောင်ကို ကိုယ်တိုင်ကြည့်ရတဲ့အဖြစ်ပါလား ဟူးးးးး။

"အော်....အင်း...ချန်းဘယ်နေ့တဲ့လဲ"

ရှောင်ကျန်းအသံဟာ အနည်ငယ်ဖျော့တော့နေသောကြောင့် ချန်းထင်လိုက်သည်က အရှင့်သားပြန်လာတော့မှာကြောင့် အပျော်လွန်ပြီး ဖျားသွားမှာကို စိုးရိမ်နေသည်။

  "နောက် 4ရက်နေရင် ရောက်မှာသခင်လေး"

  "အင်းကောင်းတာပေါ့ နယ်စပ်ဒေသမှာ ရိပေါ်သဘောကျတဲ့လူ တွေ့သွားလောက်ပြီပေါ့"

  ရှောင်ကျန့်ပြောရင်းဖြင့် မျက်လုံးမှ မျက်ရည်များဝိုင်းလာရသည်။ထို့ကြောင့်
ချန်းမမြင်စေရန် လက်ဖြင့် အမူအယာပြတော့ ချန်းမှ အခန်းအတွင်းမှ ထွက်သွားသည်။
    ရှောင်ကျန်းဟာ ကုတင်ချေရင်းနားသွားကာထိုင်ချလိုက်ပြီ ဒူးနှစ်လုံးကို ပိုက်ကာ ရှိုက်ကြီးတငင်ငိုချလိုက်တော့၏။
 

  ***********************************

    ၀မ်ရိပေါ်သည် 4နှစ်အတွင်း ပြောင်းလဲသွားသည်။အရင်လိုပါးဖောင်းဖောင်လေးနှင့်ချစ်စရာကောင်ငယ်လေးမဟုတ်တော့ တည်တင်းသောမျက်နှာထားနှင့် လူတကာရှိုန်ရသော လူချောလေးဖြစ်နေလို့နေပေပြီ။

ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်ပျိုးထောင်မယ်(Complete ✓)Where stories live. Discover now