အပိုင်း 14

1.2K 69 4
                                    

 Unicode

    ရီဟွာရွာငယ်လေးဟာ တစ်လအတွင်း ပြန်လည်ကာ နလန်ထူနိုင်လာခဲ့ရသည်။ရွာသားများ၏ ပါးစပ်ဖျားတွင်တော့ သူရဲကောင်းလေးဟု ‌ရှောင်ကျန့်ကို ပါးစပ်ဖျားမှမချခေါ်ကြသည်။
     မိမိတို့အိမ်တွင် စားကောင်းတာတစ်ခုခု ရှိလျှင် ရှောင်ကျန့် နေသော နေရာသို့ သွားကာ ပေးတတ်သည်မှာလည်း ကိုယ်တိုင်လုပ်ယူထားသော အကျင့်ဆိုးလေးတစ်ခု ရွာသူ၊ရွာသားတို့ ထံတွင်ကိန်း၀ပ်နေခဲ့လေပြီ။
အရင်လ၀က် တုန်းက မက်မွန်အရက်ကျိုချက်နည်း အဆင့်ဆင့်ကို သင်ပေးခဲ့သောကြောင့် ရှောင်ကျန့် တနေကုန် မက်မွန်ခြံကြီးထဲတွင် အချိန်ကုန်ခဲ့ရ၏။
         သန့်ရှင်းစေရန်နှင့် နည်းစနစ်များကို ထိုင်ကာ ရေးဆွဲကာ တဆင့်ပြန်လည်ကာ ပြောပြခဲ့သည်။ နွေရာသီတွင် အရက်အေးအေးသောက်လို့ရအောင် မြေကျင်းနက်နက်တူးကာ အရက်အိုးများကို ထိုကျင်းထဲသို့ မမြုတ်ခင် ရေစိုနေသော အ၀တ်များဖြင့် သေချာပတ်ကာ တူးထားသော ကျင်းထဲသို့ ထည့်ကာ မြေဖို့ထားရသည်။
     ထို့နောက် နေ့တိုင်းနေ့တိုင်း  မြေကြီးခြောက်လျှင် အိုးဘေးပတ်ပတ်လည်ကို ရေများဖြင့်အဆတ်မပြတ်လောင်းရသည်။ထိုမှသာ နွေရာသီတွင် ရေခဲရည်မလိုဘဲ အရက်အေးမြမြလေးကို သုံဆောင်နိုင်ရန် ပင်ဖြစ်သည်။ဆောင်းရာသီအတွက်တော့ အရက်နွေးရသည်မှာ သိပ်နည်းလမ်း မပေးလိုက်ရပေ။

  "ကျွန်တော်ပြန်ရတော့မယ်...."

ရွာထဲသို့ ပတ်ကာ တစ်အိမ်၀င်တစ်အိမ်ထွက် လိုက်ကာ နှုတ်ဆက်နေရန် အချိန်မရှိတာကြောင့် ရွာထဲရှိ လူများကို အကုန်စုစေသည်။
ရွာသားများ၏ မျက်၀န်းအိမ်မှ မျက်ရည်ကြည်များ အလိမ့်လိုက်လိမ့်ဆင်းလာခဲ့သည်။ဧည်သည်ဆိုတာ အချိန်တန်ရင် ကိုယ့်အိမ်ကို ပြန်ကြရမှာဘဲ ဒါကို ရွာသားအများစု ကမေ့လျော့နေခဲ့၏။

  "ကျွန်တော်တို့ဆီ အားရင်လာလည်ခဲ့အုံးနော်...သူရဲကောင်းလေး"

   "ကျွန်တော်က တခြားရွာတွေဆီသွားပြီး အပြန်ကြရင် တစ်ခေါက်လာခဲ့မယ်နော်"

  "ကတိနော်...သူရဲကောင်းလေး"

"ကတိ...ယောက်ျားကတိ ဘယ်တော့မှ
မဖောတ်ပျက်စေရဘူး"

ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်ပျိုးထောင်မယ်(Complete ✓)Hikayelerin yaşadığı yer. Şimdi keşfedin