အပိုင်း 16

1.1K 65 8
                                    

  Unicode

   ညအတော်နက်တဲ့အထိ အိပ်မပျော်စေရန် မနည်းကြိုးစားယူရသည်။ရှောင်ကျန့်က
ကုတင်ဘေးဖျားတွင်အိပ်တာကြောင့်တော်သေး၏။
    မဟုတ်ရင် ရိပေါ်မသိအောင် ထသွားဖို့ရန်မလွယ်ကူလှ အအိပ်ဆတ်တတ်တဲ့ ရိပေါ်ကြောင့် ခြေသံကို မကြားအောင် ဖွဖွလျှောက်ကာ အခန်းအပြင်ဘက်သို့ထွက်ရသည်။အပြင်ဘက်ရောက်သည်နှင့် ဆောင်းဦးလေမှ အရင်ခရီးဦးကြိုပြုလေ၏။
    ချမ်းစိမ့်လာတာကြောင့် ကိုယ်ကို ပိုက်ကာ ခဏတာ အချမ်းပြေစေရန် လက်နှစ်ဖတ်ဖြင့် လက်မောင်းကို ပွတ်သတ်ပေးရင်း နောက်မှ ခြေသံပါမပါ ‌နားထောင်ရသေး၏။
   ဟန်ကျောင်းရဲ့ ဇာတ်ကွက်ပြောစကားအရ
ရိပေါ်ကို မထိခိုက်စေရန် အကောင်းဆုံးနည်းကို သူလုပ်ရလိမ့်မည်။အချိန်တစ်လ ဘဲကျန်တော့တာမို့ ဖျတ်သင့်တဲ့ကိစ္စများကို ဖျတ်ပြီး
ရှိသမျှ ကြိုးချည်မျှင်များကို ဖြည်ချထားရန် ရှောင်ကျန့် တုန့်ဆိုင်းမနေတော့ပါ။ဘာဘဲဖြစ်ဖြစ် အသက်နဲ့ ကြိုးချည်မျှင်လေး နှစ်ခုထဲက တစ်ခုရွေးဆိုလျှင် ရိပေါ်အသက်ကိုဘဲ ဦးစားပေးကာ ရွေးလိုက်ပါသည်။

************************************

   မနက်ခင်း၏ နေရောင်ချည်နွေးနွေးကြောင့် ရိပေါ် ကျိမ်းဆက်နေသော မျက်လုံးများကို မနည်းအားယူကာ ဖွင့်ကြည့်ရင်း ဘေးအစွန်းဘက် ရှိ အိပ်ယာထက်လက်စမ်းကြည့်မိတော့ အေးစက်နေလေပြီ။
  ကိုကို အိပ်ယာစောစောထနေခြင်းကို ရိပေါ်သိပ်ဘ၀င်မကျ နယ်တွေဘက်တုန်းက ‌ကိုကို အိပ်ယာစောထသည့်အကျင့်မရှိခဲ့ချေ။နန်းတော်ပြန်ရောက်ပြီး 3ရက်လောက်နေတော့ မှ ကိုကို့ရဲ့ အမူအကျင့်တွေအကုန်ပြောင်းလဲခံထားခဲ့ရသည်။အပြောအဆို များဟာ အရင်ကလို ချိုသာမနေတော့  ပိုထူးဆန်းသည်ကကိုကို့ရဲ့ အကြည့်နှင့် အပြုအမူ များဟာ ရိပေါ်ကို မနှစ်မျို့သည်မှာ အတိုင်းသားပင်။

"ရိပေါ်...နိုးနေပြီလား"

  "အင်း..."

"မနက်စားမစားရသေးဘူး ထင်လို့ ကိုကို စွတ်ပြုတ် တစ်ပန်းကန်လုပ်လာခဲ့တယ် မြည်းကြည့်"

  ရှောင်ကျန့်က စွတ်ပြုတ်ပန်းကန်ကို ကိုင်ကာ ရိပေါ်ရှေ့တိုးပေးကာ စကားပြောရင်း
ကမ်းပေးနေသည်။ရိပေါ် သည် ပန်းကန်ကိုလမ်းယူရင်း မှ စိတ်ထဲ မတင်မကျဖြစ်သွားသလို ခံစားရသည်။ကိုကို့ ကို မော့ကြည့်တော့ တည်ကြည်နေသော မျက်နှထားနှင့် စိတ်လောနေသည့်ပုံ ကိုတွေ့ရခိုက် ရိပေါ် မဖြစ်နိုင်ပါဘူးဟု ‌ပြောရင်း ပေါက်ကရအတွေးများကို ခါထုတ်လိုက်ရတော့၏။

ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်ပျိုးထောင်မယ်(Complete ✓)Where stories live. Discover now