အပိုင်း 15 Uni

1.5K 85 3
                                    

 
"ဟန်ကျောင်း....နင်ပြောချင်တဲ့ အဓိက
ဇာတ်ကြောင်းကဘာလဲ"

"ကျန့်ကျန့်....ငါပြောချင်တာကကွာ...ငါရေးတဲ့ဇာတ်ကြောင်းတွေအကုန်လုံးက မတူတော့ဘူး...ရှင်းရှင်းပြောရရင် ငါအရင်က သိပ်မကြိုက်လို့ ဖြတ်လိုက်တဲ့ ဇာတ်ကွက်ဘဲလာနေတယ်"
  ရှောင်ကျန့် အိမ်တော်တွင် မရှိသည့် အတော အတွင်း ဟန်ကျောင်း အခြေနေအရပ်ရပ်ကို လေ့လာထားခဲ့သည်။နန်းတွင်းတွင် ယလုတလော မငြိမ်သတ်နေပေ။

"ဘယ်လို...ငါနားမလည်ဘူး"

"ဟမ်း.....ငါနင့်ကို ဘယ်လိုရှင်းပြရမလဲ...ခဏ"

ဟန်ကျောင်းက မေးလေးကို လက်ညှိုးဖြင့် ပွတ်ကာ အသဲအသန်စဉ်းစားနေသည်။ ရှောင်ကျန့်မှာ အူလည်လည်လေးဖြစ်ကာ နောက်တွက် ဝှက်ထားသော ဆံတိုးဘူးလေးကို ပေးဖို့ရန် အာရုံမရောက်တော့။

"ငါသိပြီ...ကျန့်ကျန့်....ငါရှင်းပြမယ်...သေချာနားထောင်.."

"အင်း"

"ငါပထမဆုံးရေးတဲ့ ဇာတ်ကွက်က ပုံကန်မှုတွေနဲ့ သတ်ဖြတ်မှုတွေကိုဘဲ ရေးတာ.
ဇာတ်လိုက်ကို လည်း ပုံကန်မှုတွေကို ဖြေရှင်းရင်းနဲ့ဘဲ အချိန်ကုန်‌ စေခဲ့တယ်...ဒီကြားထဲ ဘုရင်က အမတ်ကြီးရဲ့ လုပ်ကြံမှုကြောင့် ကွယ်လွန်သွားခဲ့တယ်...ဇာတ်လိုက်မင်းသမီးက ဇာတ်လိုက်နဲ့ လမ်းပေါ် ကနေ အမှတ်မထင်တွေ့ရင်း မင်းသမီးရဲ့ ဉာဏ်ပြေးမှုကြောင့် စိတ်၀င်စားခဲ့ပြီ နန်တော်ကို ခေါ်လာခဲ့တယ်ကွာ....အဲ့နောက် တော့ အမတ်ကြီးကို လုပ်ကြံသွားခဲ့ပြီ ပျော်ရွှင်စွာပေါင်းသင်းနေထိုင်သွားတယ်...ဒုတိယ ဇာတ်ကွက်ကြတော့ နင်ဖတ်ထားတဲ့ ဇာက်ကြောင်း"

"အဲ့ဒါဆို ဟန်ကျောင်းဆိုလိုချင်တာက...အမတ်ကြီးကို အရင်ဆုံး သတ်မှရမယ်ပေါ့"

ဟန်ကျောင်းမှ လက်ခုတ်တစ်ချက်တီးကာ

"တော်တယ်...ကျန့်ကျန့်...အမတ်ကြီးကို သာ အရင်ဦးဆုံးဖြုတ်နိုင်ခဲ့ရင် အုပ်ချုပ်မှုပိုင်း တွေကို ထိထိမိမိဆုတ်ကိုင်နိုင်လိမ့်မယ်...မဟုတ်ရင် အမတ်ကြီး လာဘ်စားတာနဲ့တင် ပြည်သူတွေ ကပ်ဘေးဆိုက်ယုံကလွဲ ကျန်တာ ဘာကောင်းကျိုးမှ ရှိလာမှာမဟုတ်ဘူး"

ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်ပျိုးထောင်မယ်(Complete ✓)जहाँ कहानियाँ रहती हैं। अभी खोजें