အပိုင်း 2

2.7K 123 8
                                    

 Unicode

"ချန်း ...ဒီကို ခဏလာခဲ့အုံး"
 
"ဟုတ်သခင်လေး"

   ရှောင်ကျန့်က ကုလားထိုင်ကို ပျင်းတိပျင်းရွဲမှီကာ ချန်းချန်းကို ခေါ်သည်။ ဆောင်းရာသီမို့ အခန်းကို နွေးအောင် ‌မီးသွေးများကို ဇလုံတစ်ခုထဲသို့ထည့်ကာ မီးတောက်အောင် ပြုလုပ်နေရာကနေ ရှောင်ကျန့်ခေါ်သော ကြောင့် လုပ်လက်စပစ္စည်းများကို ချကာ အပြေးလေးသွားရသည်။
 
    "မင်းပြောကြည့် ချန်း"

"ဟုတ်"

"အခု အုပ်ချုပ်နေတာဘယ်မင်းလဲ"

ချန်းခေါင်းကုတ်ကာ

"၀မ်ဘုရင်ပါ သခင်လေး ဘာလုပ်မလို့လဲ"

"၀မ်ဘုရင်ဆိုတာသိတာပေါ့ ...အမည်မေးတာ
ငတုံးရ"

  ချန်းက အလျှင်မြန်ထကာ ‌ရှောင်ကျန့်ပါးစပ်ကို လှမ်းအုပ်သည်။

  "ဘာလုပ်တာလဲ မင်းလက်ကြီးဖယ်!!"

  "ရှူး !!သခင်လေး...ဘုရင်အမည်ကို ဒီတိုင်းပြောရင်"

  လည်ပင်းကို လက်ဖြင့်လှည်လှီးပြရင်း ပြန်ဖြေသည်။ရှောင်ကျန့်ကိုယ့်ပါးစပ်ကို အုပ်ကာ လေသံကို နိမ့်၍

  "နား နားကပ်ပြောလေ"

ချန်းက ရှောင်ကျန့်နားကပ်ကာ လူတစ်ယောက်သာ ကြားနိုင်ယုံလေသံဖြင့်

  "၀မ်ဘုရင် ၀မ်လုရင်ပါ သခင်လေး"

ရှောင်းကျန့် ပါးစပ်ဟောင်းလောင်းဖြစ်သွားသည်။၀မ်လုရင်က 'မင်းသာဇရှိရင် ဒါဖတ်ကြည့်'အဲ့၀တ္ထုထဲကူးပြောင်းသွားတာလား?ချီးမှဘဲ။
        သေချာပြီ ရှောင်ကျန့်ရောက်နေတဲ့ဇတ်ကောင်က နှစ်ယောက်မရှိတဲ့ ဇာတ်လိုက်ဆရာ အပိုင်း တစ်မှာတင် အသတ်ထွက်သွားတဲ့ ဇာတ်လိုက်ရဲ့ ဆရာ။ဇာတ်လိုက် ၀မ်ရိပေါ်ရဲ့ အတိတ်အနာရွတ်ကလေးအဖြစ် ဆရာသခင် သေသွားရတယ် ။အဲ့ကတဲ့က စပြီ ဇာတ်လိုက်၀မ်ရိပေါ်ဟာ အနေအေးကာ ရေခဲတုံးလူသားလေးဖြစ်သွားရသည်။ဇာတ်လိုက်မက ရေခဲတုံးကို အရည်ပျော်‌အောင် နည်းအမျိုးမျိုးနှင့် အရည်ပျော်စေခဲ့လေသတည်း။
 
"ချန်း!....အ၀တ်စားကူလဲပေး..နန်းတော်ကိုသွားမယ်"

ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်ပျိုးထောင်မယ်(Complete ✓)Where stories live. Discover now