အပိုင်း 9

1.5K 74 5
                                    

 Unicode

"ရိပေါ် ...မင်းတော်တော်ပြောင်းလဲသွားတယ်"

ရှောင်ကျန့်ရဲ့ အတွေးတစ်ချို့ဟာ ထိုအ‌ကြောင်းအရာတစ်ခုထဲကိုသာ ထပ်ကာထပ်ကာ တွေးနေမိတော့သည်။ ရိပေါ်နှင့် မတွေ့ရသည့် နှစ်တွေအတွင်း ရိပေါ်၏ အကျင့်စရိုက်ဟာ လုံးလုံးလျားလျားပြောင်းလဲသွားခဲ့ပြီ။အရင်ကလို ကိုကိုဟုခဏခဏမခေါ်တော့ဘဲ ထိုအစားရှောင်ကျန့်ဟု ရင့်ရင့် သီးသီးခေါ်လာခဲ့သည်။နန်းမြို့တော်ကို ပြန်လာခဲ့သည့် နေတွင်သာ ကိုကိုဟု ပါးစပ်ဖျားမှ မချခေါ်ခဲ့သော်လည်း ယခုမူတော့ ရှောင်ကျန့်ဟု ခေါ်နေတော့သည်။ ဒါတင်မကသေးပါ
အမြဲတမ်းမျက်မှောင်ကုတ်ကာ မျက်စိဒေါက်ထောက်ကာ လိုက်ကြည့်နေတတ်ပါသေး၏။

"၀မ်ရိပေါ်!! အခုထိ အမှတ်မရှိသေးဘူးလား ဟမ်!! မနက်ကအပြစ်ပေးထားတာကို"

ပြည်တည်တည်မျက်နှထားနှင့်ရှောင်ကျန့်တစ်ယောက် မျက်နှာကို အပေါ်သို့မော့ကာ ဟန်ချီးနေ၏။ရိပေါ်မှာ ဘေးဘက်သို့ တစ်ချက်လှည့်ကာ နှုတ်ခမ်းကို တစ်ချက်ဖိကိုက်လိုက်သည်။စိတ်ရှိတိုင်းဆို ရှောင်ကျန့် အိပ်ယာ‌ ပေါ်မှဆင်းရန် မလွယ်ကူပေ။
 
"အဟက်!!....ဒါမှမဟုတ် အဲ့ထက်ပိုကောင်းတဲ့အပြစ်ပေးနည်းရှိသေးတယ် ...လုပ်ချင်လား...ရှောင်ကျန့်"

နား ဆီသို့ တိုးကပ်ကာ‌‌ လေသံဖွဖွနှင့်ဆိုလာသော ၀မ်ရိပေါ်ကို ရှောင်ကျန့်တွန်းထုတ်လိုက်ရတော့သည်။စ တာကရှောင်ကျန့်ဘာ ဘယ်ကနေဘယ်လို အလေးသာသွားသည်မသိတော့
 
"မလုပ်ချင်ပါဘူး....အကြီးကို လေးလေးစားစားဆက်ဆံရမယ်လို့ မင်းကို အရင်ကငါမသင်ပေးခဲ့ဘူးလား ၀မ်ရိပေါ်"

"ဟမ်း...ခင်များသင်ပေးထားတဲ့စကလုံးတိုင်းက အမှားတွေချည်းဘဲဆိုတာကို မသိတာလား"

"ဘယ်လို ...မဖြစ်နိုင်တာ"

ကိုယ့်ကို ကိုယ်စာမှန်အောင်တောင်မဖတ်နိုင်ဘူးဆိုတာကို မယုံကြည်နိုင် ။ရိပေါ်ကို အမြန်တွန်းတိုက်ခဲ့ကာ သစ်ပင်ရှေ့မှထွက်လာခဲ့သည်။တစ်ခုခုကို လိုနေသလို ဘဲလက်ထဲ
ရှောင်ကျန့် ခါးထောက်ကာ အသေကျေစဉ်းစားနေတော့၏။သို့သော်အဖြေဟာ ထွက်မလာပါ။ချုံထဲမှ တချွတ်ချွတ်အသံဟာ ရှောင်ကျန့်၏ နောက်ကျောဘက်မှထွက်ပေါ်လာလေသည်။ ချုံနားသို့ အလျှင်မြန်သွားလိုက်တော့ အစေခံ၀တ်စုံနှင့်ကောင်မလေးတစ်ယောက် တစ်ခုခုကိုချောင်းကြည့်နေဟန် သိချင်စိတ်တို့ဟာ ရှောင်ကျန့်စိတ်ကိုလွှမ်းခြုံသွားခဲ့လေပြီ။

ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်ပျိုးထောင်မယ်(Complete ✓)Where stories live. Discover now