အပိုင်း 13

1.2K 77 2
                                    

 Unicode

         အဆောင် အဦး ပြင်ဆင်မွန်းမံရေးကို အရင်ဆုံးအကောင်အထည်ဖော်ရသည်။ မီးရှို့ကာဖြတ်စီးထားသော အိမ်လေးများနှင့်တစ်ပိုင်းတစ်စ မီးလောင်ကျွမ်းရာများဟာ မြင်မကောင်းလောက်အောင် ဘက်လပွဖြစ်လို့နေ၏။
     ကိုယ့်အိမ်ရှေ့ထိုင်ကာ ငိုသူကငို၊မြေကြီးကို လက်ဖြင့်ပုတ်ကာ အော်ငိုသူများနှင့်  အဖေ၊အမေဘယ်စီဘယ်၀ယ်ရောက်လို့ရောက်နေမှန်းမသိကြရှာသော ကလေးတစ်စု၏ငိုသံများဟာ ဤ ရီဟွာရွာငယ်လေး၏ အကျည်းတန်မှုကို အစွမ်းကုန်လောင်မြိုက်ပေးလျက်။

  "ဟင်း......"

  သက်ပျင်းခပ်ဖွဖွချကာ ရှောင်ကျန့်သူ၀တ်ထားသော အဖြူစွတ်စွတ်အင်္ကျီကို တစ်ချက်ငုံကြည့်ကာ နှာခေါက်းရှုံ့မိပြန်သည်။ဘေးရှိ ရွာသားထံသို့သွားကာ အ၀တ်ငှားရတော့သည်။သဘောကောင်းလွန်းလှတာကြောင့် ၀တ်စုံခပ်နွမ်းနွမ်းလေးတစ်စုံ‌ရရှိလိုလာခဲ့၏။

"အကုန်လုံးဘဲ....စိတ်သောကတွေကို ထိုင်ပူဆွေးနေလို့ဘာမှ အကျိုးရှိလာမှာမဟုတ်ဘူး...ခင်များတို့တွေထိုင်ပူဆွေးနေမဲ့အစား အတိတ်ကိုအတိတ်မှာထားခဲ့ပြီး လက်ရှိကိုဘဲ
ဘယ်လို ရှေ့ဆက်သွားမလဲဆိုတာကို စဉ်းစားသင့်တယ်"

  ရှောင်ကျန့်သည် အမြင့်တနေရာမှ အကုန်လုံးကြားနိုင်စေရန် အော်ကာ ပြောနေသည်။လူတစ်ယောက်မှ ထိုင်နေရာကနေထရပ်ကာ
 
"ကျွန်တော်တို့မှာ ဘာမျှော်လင့်ချက်တွေများရှိနေပါအုံးမလဲဗျာ....ကျွန်တော်တို့မှာ ဘာဆိုဘာမှ အကောင်းတိုင်းကျန်ရှိခဲ့တာဆိုလို့ ဒီအသုံးမကျတဲ့ ခန္ဓာကိုယ်ဘဲရှိတော့တယ်"

   စိတ်ပျက်ကာ ပြောနေသော ရွာသားတစ်ယောက်၏ စကားကို ကျန်လူများက ဝိုင်း၀န်းကာ ဟုတ်တယ်ဟု အချက်ပြကာ သဘောတူ‌ေကြာင်းပြကြသည်။အမှန်လည်း ဟုတ်ပါသည်။ ပိုင်ဆိုင်သည့် ပစ္စည်းများနှင့်အနှစ်နှစ် အလလစုဆောင်းထားခဲ့သော ပိုင်ဆိုင်မှုလေးတွေဟာ မီးထဲသို့ ထိုးကျွေးခဲ့ရလေပြီ။ရွာသားကို ဖြေင်းဖျဖို့ရန် ရှောင်ကျန့် လက်သည်းကိုက်ကာ အသည်းအသန်စဉ်းစားနေရသည်။

  "ပစ္စည်းတွေဆိုတာ လူကိုယ်တိုင်စုဆောင်းမှ ရတဲ့အမျိုး ဒီတိုင်းသူ့ဘာသူအလိုလို
ဖြစ်တည်လာတယ်ဆိုတာ မဖြစ်နိုင်ဘူးလေဟုတ်တယ်မလား"

ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်ပျိုးထောင်မယ်(Complete ✓)Where stories live. Discover now