အပိုင်း 18

1.1K 63 1
                                    

 Unicode

"မင်းကြီး..."

"အင်း...လီရှန်း...မေးစရာရှိတယ်"

"အမည်မသိစာတစ်စောင်ရလာတယ်....မင်းကြီးရှိတဲ့နေရာကော...အစောင့်တွေရဲ့ အချိန်အပြောင်းအလဲတွေကို ပေးထားတဲ့စာ...အဲ့ဒီစာနဲ့ မင်းကြီးစီရောက်လာတာ"

ရိပေါ် စိတ်ထဲပြုံးလိုက်မိသည်။သေချာပါတယ်..ကိုကို ကလွဲမဖြစ်နိုင်တော့။နာကျင်နေသော ခန္ဓာကိုယ်ဟာ ရိပေါ်ကို စတင်ဒုက္ခပေးလေပြီ။အရင်ရက်တွေကတဲ့ အစားကောင်းကောင်းမ၀င်ထားတာကြောင့် လူဟာ အင်းအားချိနဲ့လို့လာခဲ့သည်။

"မင်းကြီး....မင်းကြီး!!"

  လီရှန်းမှာ အမြန်‌ရိပေါ်အနားသွားကာ မြေပြင်ပေါ်သို့ လဲမကျစေရန် ထိန်းမပေးထားသည်။ထို့နောက် အနက်ရောင် ၀တ်ရုံကို ချုံထားသော လူတစ်ယောက် အတွင်းသို့ ၀င်လာကာ ဆေးပုလင်းတစ်ဘူးကို ထုတ်ပေးသည်။ထို လူမှာ မျက်နှာကို အနက်ရောင် ၀တ်ရုံဖြင့် ခြုံထားသော ကြောင့် မျက်နှာကို မမြင်လိုက်ရပေ။ဆေးဘူးပေးပြီးသည်နှင့် လေအလျှင်အတိုင်းပျောက်ကွယ်သွားခဲ့သည်။
     လီးရှန်းမှာ ထို အနက်ရောင်လူကို အာရုံမစိုက်အားလိုက် ကမ်းပေးသော ဆေးဘူးကို ဖွင့်ကာ ရိပေါ် ပါးစပ်ထဲသို့ ထည့်တိုက်လိုက်လေသည်။စိတ်ထဲမှာလဲ ရှောင်ကျန့်ကို မေတ္တာ တစ်သီတတန်းကြီး ပို့ရင်းဖြင့် ရိပေါ် နိုးလာမည်ကို မစောင့်အားချေ တစ်ဖတ်တွင် အင်အားစုဆောင်းကာ ရှောင်ကျန့်ကို ပြန်လည်တွန်းလှန်နိုင်ရေး အရေးတော်ပုံကြီးကို အကောင်အထည်ဖော်ရသည်။လိုနေတာက ရိပေါ်အမိန့်တစ်ခု ထဲကိုသာ။

************************************

  ပလ္လင်ထက်တွင် ဘေးတစ်စောင်းလဲလျောင်းကာ သူ့အောက်ရှိ အမတ်တစ်ချို့ တလေကို ငုံမိုးကြည့်ကာ ရှောင်ကျန့် ခပ်မဲ့မဲ့ အပြုံးတစ်ခု ဆင်မြန်းလျက်

   "ဘယ်သူသဘောမတူသေးလဲ...."

  အမတ်များဟာ သူတို့ရှေ့တွင်ရှိသော အမတ်တစ်ချို့၏ အလောင်းများကို ကြည့်ကာ ကြောက်ဒူးတုန်နေ၏။၎င်းအမတ်များဟာ ရှောင်ကျန့်ရဲ့ ရာဇပလ္လင် ဆက်ခံတာကို
မလိုလားဘူးဟု ပြောလိုက်သောကြောင့် ရှောင်ကျန့်၏ စစ်သည်များရဲ့ဓားသွားအောက်အသက်ပျောက်ခဲ့ရလေပြီ။

ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်ပျိုးထောင်မယ်(Complete ✓)Where stories live. Discover now