ဇာက်သိမ်းပိုင်း(အပိုင်းပို) Uni

2K 80 10
                                    

  လက်ထဲရှိ'ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်ပျိုးထောင်မယ်' ၀တ္ထုစာအုပ်ကလေးကို ရင်ခွင်ထဲပိုက်ကာ ပင်လယ်ဘက်ရှိ သဲသောင်ပြင်ပေါ် လမ်းလျောက်လာခဲ့သည်။
  ရှောင်ကျန့်စိတ်ထဲတွင် ကိန်းအောင်းနေသော အစိုင်အခဲတစ်ခုဟာ ရိပေါ်ကို လွမ်းသောစိတ်များဟာအပြည့် ဒီလိုနည်းလမ်းမျိုးကို ရွေးချယ်လိုက်လို့ ရှောင်ကျန့်နောင်တမရပါ။
   ဘယ်သူဘဲဖြစ်ဖြစ်ကိုယ်ချစ်တဲ့လူကို ကိုယ်မျက်စိရှေ့သေမှာကို မလိုလားကြတာဘဲလေ။ထိုသို့ရွေးချယ်လိုက်ခဲ့ရရင်တောင်
ရိပေါ်ဘက်မတွေးမိဘဲ ရှောင်ကျန့်အတ္တကြီးမိလိုက်ပါသည်။
     ပင်လယ်ပြင်ရှေ့လမ်းလျှောက်ရင်း အတွေး‌နယ်ချဲ့ကာ လျှောာက်လာသည်။ခြေဖျားဆီသို့ တခါတရံရောက်ရှိလာတတ်သော ပင်လယ်‌ရေးအေးလေးဟာ ရှာင်ကျန့်ခြေဖျားလေးကို ထိတွေ့မိတာကြောင့် အေးစိမ့်စိမ့်ခံစားချက်မျိုးကိုရရှိ၏။လက်ထဲတွင် အဖြူရောင်၀တ်စုံနှင့် မျက်ရည်များပြည့်ကာ ကြွေကွဲနေသော ကောင်လေးရဲ့ ပါးပြင်ကိုလက်ချောင်းလေးဖြင့် ခပ်ဖွဖွတို့ထိမိပြန်သည်။
 
  အစီစဉ်အကုန်လုံးကို အတိုချုပ်ပြောရလျှင်
၀မ်ရိပေါ်ကို မုန်းစေရန်နှင့် ရွံ့မုန်းအောင်အရင်လုပ်ခဲ့သည်။နှိပ်စက်ကာ ၀မ်ရိပေါ်ရဲ့ အသည်းနှလုံးထဲထိ နာကျည်းစေရန် ထို့သို့ ပြုလုပ်မှာသာ ရှောင်ကျန့်သေသွားခဲ့လျှင် ကျန်ရစ်သော သူ့၏ ချစ်ရသူသည်
ရှောင်ကျန့်ကို ဂရုမစိုက်မိစေရန်ဖြစ်သည်။ရီအမတ်ကြီးကို ဖြုတ်ချနိုင်ရန် ကြိုတင်အကွက်ချကာ ရှောင်ကျန့်ကို ကြိုက်နေသော ရီသခင်မလေးကို ခုတုန်းလှုပ်ကာ မဂ်လာဆောင်ဖြင့် တွဲလျက် ရီအမတ်ကြီးကို ရှင်းထုတ်နိုင်ရန်ဖြစ်သည်။
   ရီအမတ်က ၀မ်ရိပေါ်ကို ရှင်းထုတ်ချင်တာကြောင့် ရှောင်ကျန့်မှ လက်ဦးမှုရယူကာ ရိပေါ်ကို ဖမ်းစီးပြီး နှိပ်စက်ကာ ထီးနန်းကို လွှဲယူခဲ့သည်။စီစဉ်ထားသည်က မဂ်လာပွဲနေ့ကြ ရီအမတ်ကြီးလှုပ်ရှားမည်ကို ချန်းမှ သူလျှိုမှတဆင့် သိလာခဲ့ရ၏။မထင်ထားသည်က ချန်းကိုယ်တိုင် ရိပေါ်ကို အကြောင်းစုံပြောပြလိုက်တာကြောင့် တခြားအစီအစဉ်တွေအကုန်အထမြောက်လိုက်သော်လည်း ရိပေါ်ရဲ့ အမုန်းကို တော့မခံယူလိုက်ရတော့ပါ။တော်သေးသည်က ရိပေါ်မထိခိုက်မိဘဲ သူကိုယ်တိုင် ထိခိုက်မိသွားတာပင်။ထို့သို့လုပ်လိုက်ရခြင်းအတွက်
ရှောင်ကျန့်နောင်တမရပါ။

ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်ပျိုးထောင်မယ်(Complete ✓)Where stories live. Discover now