အပိုင်း 1

4K 161 0
                                    

 Unicode

"ဟာကွာ......ဒီဇာတ်ကောင်မင်းသားက
ဇာတ်လိုက်အလုပ်ကို မလုပ်ဘဲနဲ့ ...ဘယ့်နဲ့ ...၀တ္ထုစာရေးတဲ့သူက ...ကြောင်နေတာလား ?ဂေါက်နေတာလားမသိဘူး ...သောက်‌‌ခွေးဘဲ။ငါလေဖြစ်နိုင်ရင် အဲ့ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်သာ ပြန်ပြောင်းရေးဖြစ်လိုက်ချင်တယ်..."
  
       နှာတရှူးရှူးနှင့် ၀တ္ထုစာအုပ်ကိုကိုင်ကာ  ဆဲလိုက် ဖတ်လိုက် ၀တ္ထုစာရေးတဲ့သူကိုဆဲလိုက် မေတ္တာပို့လိုက်နှင့် လုပ်နေသော ကောင်လေးတစ်ယောက်။စက်ဘီးနှင့်၀က်သားထုတ်ထိုးဆိုင်ကအပြန်လမ်းမှာ စာအုပ်တစ်အုပ်ကိုနှင်းမိသွားတာကြောင့် ကောက်ကြည့်မိတော့ စာအုပ်ပေါ်ရေးထားတဲ့အမည်က 'မင်းသာဇရှိရင် ဒါဖတ်ကြည့်'တဲ့ ဟသောက်ဆန်းကြီး ဆိုပြီး အိမ်သို့ ဂျိုင်းကြားညှပ်ကာ ယူလာခဲ့သည်။
        ရှောင်ကျန့်ဆိုသည်မှာလည်း ပေါက်ပေါက်ရှာရှာတွေ၊တစ်ချို့လူ‌တွေပြောတဲ့ စာအုပ်ကို အဖုံးကြည့်ပြီးမဆုံးဖြတ်နဲ့ဆိုလျှင် ရှောင်ကျန်းတို့က‌တော့၀တ္ထုရွေးလျှင်intoကိုမကြည့်ဘဲ စာအုပ်အဖုံးနှင့် အမည်ကိုဘဲကြည့်ကာဖတ်တတ်သည်။
     ဘာလို့လဲလို့တော့လာမမေးနဲ့ intoထိဖတ်ရမှာကြပျင်းတယ် စာရေးတဲ့လူတွေကိုပြောလိုက်ချင်တယ် ခင်များတို့
ရေးမဲ့အကြောင်းအရာလေး‌တွေပါအောင် အမည်ကို ‌အဲ့လိုခေါင်းစဉ်လေးတတ်လိုက်ပါ့လားအဲ့ဒါဆို intoထိတကုတက သွားဖတ်စရာမလိုတော့အောင်လေ။
     ကောက်ရတဲ့စာအုပ်ကတော့ ဆန်းတာမှ ဆန်းဆန်း ဆန်းဆန်းနဲ့ကိုမြည်နေတာဘဲ
အမည်ကသာ 'မင်းသာ ဇ ရှိရင်
ဒါဖတ်ကြည့်'။ 
        ဇဆိုတဲ့နေရာလေးကိုလေ ဆဲတတ် ရင်လို့သာပြန်ပြင်လိုက်ချင်တယ် အဲ့လိုဆို ၀တ္ထုထဲက အကြောင်းအရာ‌တွေနဲ့က ကွတ်စတိ  ဟုတ်တယ်လေ ပါတဲ့ဇာတ်ကြောင်းက အများနှင့်မတူကွဲနေတယ် ကျန့်ကျန့်ပြောပြမယ်
  ဇာတ် ကြောင်းကဒီလို
၀မ်တိုင်းပြည်ကို အုပ်ချုပ်တဲ့ဘုရင်အမည်က
၀မ်လုရင် ၊၀မ်းလုရင်မှာ ၀မ်ရိပေါ်ဆိုတဲ့ တစ်ဦးတည်သော မင်းသားတစ်ပါးရှိတယ်။အဲ့မှာမတူတော့တာဘဲ ဟုတ်တယ်လေ ဘုရင်လို့လည်းပြောသေးတယ် သားကတစ်ယောက်ဘဲရှိတယ် ဖြစ်သင့်သလား။
       တစ်ချို့၀တ္ထုထဲက ဘုရင်တွေဆို သားတွေရောမိန်းမတွေရောအများကြီးဘဲလေ။ ဇာတ်ကြောင်းပြန်ဆက်မယ် ။ ၀မ်ရိပေါ်ဆိုတဲ့ ဇာတ်လိုက်ကို စာသင်ပေးဖို့ ရောက်လာတဲ့ဇာတ်လိုက်မ အမည်က ယီယင်းယင်း တဲ့ သူမဟာ အလှထိတ်ခေါင်ဘွဲ့ရ မိန်းမပျိုလေးတစ်ဦးသူမကို မြင်တဲ့သူတိုင်းသမင်လည်ပြန်ငေး လောက်ရအောင်လှပသည်။ အင်းဇာတ်လိုက်မက မဆိုးပါဘူး။
ဒါပေမဲ့ အနှီးဇာတ်လိုက်ဖြစ်တဲ့ ၀မ်ရိပေါ်ကတော့ ဇာတ်လိုက်မနဲ့စာစသင်တဲ့ပထမရက်မှာ ဇာတ်လိုက်မ အလာကို စာသင်ခုံတွင်ထိုင်ကာစောင့်နေသည်။ဇာတ်လိုက်မကတော့
လှလှပပလေးလမ်းလျှောက်လာတာ  တစ်လှမ်းခြင်း တစ်လှမ်းခြင်း စာသင်ဆောင်အတွင်းသို့ ၀င်ရောက်လာတာကို အနှီးငတုံးမအေဘေးကလေ နောက်ပြန်ကိုလှည့်မကြည့်ဘူး ရှေ့ရောက်တော့လည်း ခေါင်းကိုမော့မကြည့်ဘဲ စာကိုသာအာရုံစိုက်ကြည့်နေတော့ ဇာတ်လိုက်မမှာ ပါးဖျတ်ရိုက်သလို ခံစားလိုက်ရသည်။
   ညညဟုတ်သည်လေ သူ့လိုမိန်းမ‌လှလေးကို လှည့်မကြည့်တဲ့ယောက်ျား
လေးမှ မရှိဘူးဘဲကို တော်ပြီတော်ပြီ ပြောမနေတော့ဘူး ကျန့်ကျန့်မောပြီ။
 
   "ဟမ်း သောက်၀တ္ထု ...အစုတ်ပလုပ်၀တ္ထု
ငနဲစာရေးဆရာ...‌တွေ့လို့ကတော့ ငရုပ်စုံထဲကို ထည့်ပြီးတော့ စိတ်ရှိလက်ရှိထောင်းပြစ်တယ်...ရည်းစားဖြစ်ပြီးတော့လည်း မroဘူး။
သိုင်းချတော့လည်း မကယ်ဘူး..ငါ့ယင်းယင်းလေးသနားပါတယ်...ငါသာ အဲ့၀တ္ထုထဲ၀င်လို့ရလို့ကတော့ အဲ့ဇာတ်လိုက်စီသွားပြီး ဇာက်လိုက်ရာထူးကိုဗီလိန်ရာထူး သွား သာပြောင်းပေးလိုက်ချင်တယ်"

ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်ပျိုးထောင်မယ်(Complete ✓)Where stories live. Discover now