အပိုင်း 3

2.2K 110 3
                                    

Unicode

"ရှစ်စွမ်း ...ရှစ်စွမ်း!!"

‌ရှောင်ကျန့်သည် ၀မ်ရိပေါ်ထက် အသက်၁၀ နှစ်ကြီးသည်။သို့သော် သူပြုမူခံနေရသည်မှာ ပြောင်းပြန်ဖြစ်လို့နေလေပြီ။
နန်တော်အပြင် ထွက်လည်တာကို ၀မ်ရိပေါ်က ငွေထုတ်ကြီးခါးတွင်ချိတ်ကာ ၀မ်ရိပေါ်၏ ရှစ်စွမ်းဖြစ်သူရှောင်ကျန့်ကို ကိုယ့်ယို့ကားယားလိုက်ထိန်းနေရသည်။ ချန်းဘယ်ရောက်နေသလဲ လာမမေးနဲ့ ချန်းကို ရိပေါ်လေးကိုယ်တိုင်နေရစ်ခိုင်းတာ ဘာသိလို့လဲ။

"ရှစ်စွမ်း...ရှစ်စွမ်း...ခဏနေပါအုံး ကျွန်တော်မလိုက်နိုင်တော့ဘူး..ရှစ်စွမ်း!!"

ရှောင်ကျန့်သည် ထန်းဟူလုရောင်းတဲ့အသည်ကြီးနားသွားကာ

"ဆိုင်ရှင် ..တစ်ချောင်းဘယ်လောက်လဲ"

"တစ်ချောင်းတစ်ပြားပါ သခင်လေး"

"သုံးချောင်းပေး"

"ခဏစောင့်"

"ရိပေါ်လေး ....ပိုက်ဆံ3ပြားပေး"

ရှောင်ကျန့်က နောက်လှည့်မကြည့်ပါဘဲ လက်ကို နောက်ဘက်သို့ ပို့ကာ လက်ဖြန့်ရင်းပိုက်ဆံတောင်းသည်။ အချိန်တော်ကြာ ပိုက်ဆံလက်ထဲမရောက်လာတာကြောင့်
စိတ်အချဉ်ပေါက်စွာဖြင့် နောက်လှည့်ကာဆူမဲ့အလုပ်။

"လူရော...?"

မျက်လုံးကို ဟိုကြည့်လိုက် ဒီကြည့်လိုက်ဖြင့် ရှောက်ရှာကြည့်သော်လည်း ရိပေါ်လေးနှင့်တူသော အရိပ်အယောင် ကိုမတွေ့ရ။နာရီ၀က်ခန့်ကြာတော့ ထန်းဟူလူအသည်၏
ဒေါသသံကို ရှောင်ကျန့်ကြားလိုက်ရသည်။

"ပိုက်ဆံမရှိတာမြန်း...အစောကြီးကတဲ့ကမမှာဘဲနေပါ့လား...၀တ်ပုံစားပုံကတော့ ကြည့်တော့ သူဌေးသားလိုလို ဘာလိုလိုနဲ့ ...ပိုက်ဆံမရှိရင်ငါ့ရှေ့လာမရပ်နဲ့...သွား...!!"

ရှောင်ကျန့်၏ မကြည်နေသောစိတ်ကလေးဟာ ထန်းဟူလူအသည်၏ ဒေါသသံနောက် ပေါက်ကွဲသွားသည်။ခါးတွင်ချိတ်ထားသော ကျောက်စိမ်းအဖြူလေးကို ဖြုတ်ကာ ထန်းဟူလူးရောင်တဲ့ အသည်ကြီးကို ပြစ်ပေါက်လိုက်သည်။
အသည်ကြီးမှာ ရှောင်ကျန့်ပြစ်လွှတ်လိုက်သော ကျောက်စိမ်းဖြူဖြူလေးကို သွားဖြင့် ကိုက်ပြီးတော့ အစစ်မှန်းသိသွားသောအခါ မျက်နှာချိုပြန်သွေးရသည်။

ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်ပျိုးထောင်မယ်(Complete ✓)Where stories live. Discover now