အပိုင်း 8

1.6K 84 3
                                    

  Unicode


      ရှောင်ကျန့် အိပ်ခန်းအတွင်းမှ ထိုင်စောင့်နေရသည်မှာ တစ်နာရီကျော်နေပြီ။အခုထိ ရိပေါ်နှင့်တူသော အရိပ်အယောင်ကို မတွေ့သေးပါ။ထို့ကြောင့်ဒေါပွကာ ကုတင်ရှေ့ရှိ စားပွဲခုံပေါ်တွင် တင်ထားသော သေရည်အိုးကို မြင်ခိုက် မျက်လုံးဟာ တလပ်လပ်တောက်ပလာတော့၏။
     ဘေးဘီ ဝဲယာကို တစ်ချက်ရှိုးကာ သေရည်အိုးကို ဖွင့်ကာ မော့သောက်လိုက်သည်။သေရည်၏ ခါးသက်သက်အရသာဟာ လည်ပင်းတစ်လျှောက် အစာအိမ်အထိ ပူနွေးကာ စီးဆင်းသွားသည်။
   ခဏအကြာ ရှောင်ကျန့် ၀တ်ထားသော အနီရင့်ရောင် ရွှေဇာခြည် ၀တ်ရုံကို ချွတ်တာ ကုတင်ပေါ် ခြေပြစ်လက်ပြစ် လှဲအိပ်လိုက်သည်။ဘာဘဲဖြစ်ဖြစ် ရိပေါ်မှမလာဘဲ ကို ဘာလို့စောင့်နေရမှာလဲ ပြောတော့ ကိုကို့ ကို ချစ်ပါတယ်ဆိုပြီ ဘယ်ဂျောင်ခွေနေတယ်မသိ အခုထိပေါ်မလာသေးသော ရိပေါ်ကို မအိပ်ခင် မေတ္တာတစ်သီတတန်းကြီး
ပို့လွှတ်ရင်း အိပ်ပျော်သွားလေသည်။

   "ကိုကို..."

      တိုးဖွဖွခေါ်သံနှင့်အတူ ညှင်သာစွာထိတွေ့လာသော လက်တစ်စုံ ဖြင့် ရှောင်ကျန့်မျက်နှာပေါ်တွင်ကျနေသော ဆံနွယ်စတို့ကို သက်တင်ပေးကာ ရိပေါ်ခပ်တိုးတိုးလေးသာ ရေရွတ်နေမိသည်။
     ထိုအိပ်မောကျနေသော လူသားလေးဟာ ယခုတော့ ရိပေါ်၏အပိုင်ဖြစ်ခဲ့ရပြီ။ထိုနေ့ရောက်လာဖို့ကို ရိပေါ်စောင့်နေခဲ့ရသည်။  
    ထိုနည်းတူစွာ ဤလူသားလေးဟာလည်း ရိပေါ်လို ချစ်မြတ်နိုးရင် ဘာမဆိုပေးဆပ်နိုင်ရန် အသင့်ဖြစ်လို့နေပြီ။

  "ကိုကို...ကျွန်တော်ကို မချစ်လည်းရတယ်
ဒီတိုင်း အနားကနေထွက်မသွားပါနဲ့နော်"

  တိုက်ဆိုင်တာလားမသိ ရှောင်ကျန့်ထံမှ အင်းဟု အသံလေးကို ရိပေါ်ကြားလိုက်ရသည်။အင်း ဟာတိုက်ဆိုင်တာဆိုရင်တောင် ရိပေါ် ပြုံးမိသည်။ ကုတင်ဘေးရှိ ကြမ်းပြင်ပေါ်သို့ ထိုင်ချကာ

  "ခင်များကို အရမ်းချစ်တယ် ချစ်လွန်း လို့ရူးတော့မယ် ကိုကို"

ရှောင်ကျန့်ဘက်စောင်းငဲ့ကြည့်ကာ ထပ်၍ ခပ်တိုးတိုးလေး ပြောနေပြန်သည်။အိပ်နေသော လူသားလေဟာ အိမ်မက်ကမ္ဘာထဲတွင်
Wang Yi Bo ရှိူပွဲသွားကာ အသေကဲနေတော့၏။

ဇာတ်လိုက်ကို ဗီလိန်ဖြစ်အောင်ပျိုးထောင်မယ်(Complete ✓)Where stories live. Discover now