အပိုင်း - ၁၉

Start from the beginning
                                    

သို့သော် သူ၏အမြင်တွင် ဗိုက်၏ကြွက်သားတို့မှာ အနည်းငယ် အားပျော့နေသယောင်ရှိလှ၏။ရေချိုးပြီးပါက လေ့ကျင့်ခန်းပြန်လုပ်ရန် မှိုင်းဟန်မြခေတ် တွေးလိုက်သည်။ထို့နောက် ရေပန်းကိုဖွင့်၍ ဝတ်ဆင်ထားသည်များကို ဖယ်ရှားပြီး ရေပန်းအောက် ဝင်ရပ်လိုက်သည်။

‌ဘယ်အချိန်ရောက်ရောက် ခပ်နွေးနွေး ရေဖြင့်သာ ချိုးတတ်သော သူ့အတွက် ယခုကျဆင်းနေသော ရေစက်များက ပျံ့လွင့်ချင်သလိုဖြစ်နေသော စိတ်အပိုင်းအစများကို တည်တည်ငြိမ်ငြိမ်ဖြင့် စုစည်းနိုင်စေရန် လုံလောက်၏။ထိုအချိန်၌ ရုတ်ခြည်းဆိုသလို သူ၏အနောက်မှနေ၍ နားအနားသို့ကပ်ကာ ပြောလာသည့် စကားသံတစ်ခုကို ကြားလိုက်ရသည်။

မှေးမှိတ်ထားသော မျက်လုံးများကို ချက်ချင်းဖွင့်၍ အနောက်ကို လှည့်ကြည့်လိုက်တော့ လူမပြောနှင့်၊ အကောင်တစ်ကောင်တောင် ရှိမနေကာ စိတ်ထင်ခြင်းလားဟု မှိုင်းဟန်မြခေတ် တွေးလိုက်မိသည်။

မပီမသ စကားစုက မည်သည်ကိုဆိုလိုသည်ကို မသိသော်လည်း ကလေးတစ်ယောက်ကို ချော့မြှူနေသည့်အသံနှင့်တော့ ခပ်ဆင်ဆင်နိုင်လှသည်။ မှိုင်းဟန်မြခေတ် ရင်းနှီးနေသလိုရှိနေသည့် အသံအနေအထားကြောင့် စိတ်ထဲဘဝင်မကျဖြစ်လာကာ ရေပန်းကို ရပ်ပစ်လိုက်ပြီး တဘက်ကို ခါး၌ပတ်ကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

သူထွက်လာသည်နှင့်တစ်ပြိုင်နက် အိပ်ယာအနားရှိ ဆိုဖာပေါ်တွင် ကျကျနန ထိုင်နေသော လူတစ်ယောက်ကို တွေ့လိုက်ရကာ နဂိုကမှ မကြည်နေသော မှိုင်းဟန်မြခေတ်၏စိတ်တို့သည် ခွင့်ပြုချက်မရှိဘဲ ဝင်လာသော ထိုလူကြောင့် ၂ဆဆိုးကုန်ရ၏။ရေချိုးခန်းတံခါး ဖွင့်သံကြား၍ထင်သည်။အရှေ့တည့်တည့်ကို ကြည့်နေရာကနေ ထိုလူမှာ သူရှိရာဘက်သို့ ခေါင်းလှည့်လာလေသည်။

သူ့ကိုမြင်မြင်ချင်း တစ်ဖက်လူမှာ အံ့ဩသွားသလိုမျိုး မျက်ခုံးပင့်လိုက်၏။ ပြီးခါမှ စိတ်ပြန်ထိန်းဟန် ချောင်းတစ်ချက်ဟန့်ပြီး ဘာမှမဖြစ်သယောင် အရှေ့ကို ပြန်လှည့်သွားတော့သည်။

ရေစက်များက ခန္ဓာကိုယ်ပေါ်မှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ တစက်စက်ကျနေရင်းနှင့်ပင် မှိုင်းဟန်မြခေတ် ထိုလူ၏အရှေ့သို့ သွားရပ်လိုက်သည်။တစ်ဖက်လူ၏ ပုံစံအနေအထားကို အကဲခတ်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့ပိုက်ပြီး မိမိမှလွဲလျှင် ကျန်လူအားလုံးသည် အသုံးမကျ၊အသုံးမဝင်၊ ပျော့ညံ့သည့်လူများဟူသည့် အတွေးပေါ်နေသော မျက်နှာထားဖြင့် ‌တစ်ဖက်လူကို အထက်စီးမှနေ၍ မှိုင်းဟန်မြခေတ် ငုံ့ကြည့်လိုက်လေသည်။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now