'သား'ဆိုသည့် အသိနှင့် ရင်တစ်ခုလုံးက သဘောတကျကျေနပ်နေသည့် အချိန်မှာပဲ ညီမလေးမဟုတ်တဲ့တခြားအမျိုးသမီးတစ်ယောက်က သားလေးအနားကိုရောက်လာသည်။
"သားသား....."
ထိုအမျိုးသမီး၏ခေါ်သံကြောင့်နဲ့ သားက ပျော်ရွှင်သွားပုံသည်။ အမျိုးသမီးကို ထပ်ကြည့်ဖြစ်တော့လည်း မျက်နှာပုံစံချင်းနည်း အနည်းငယ်တော့ညီမလေးနဲ့ ဆင်တူနေပြီး ဆံပင်ကလည်းလက်ရှိညီမလေးလိုပဲ ရှည်လျားသည့်ဆံနွယ်တွေကို ဖြာဝေကာချထားသည်။
"မေမေ ဒီမှာလေ။ "
သူ့ကိုယ်သူမေမေဟုဆိုကာ သားကိုခေါ်သွားဖို့လုပ်နေသည့် အမျိုးသမီး၏လက်ကို ကောင်းစက်ဆုပ်ကိုင်မိသွားသည်။ ကောင်းစက်ရဲ့မသိစိတ်က နည်းနည်းလောက်ပဲဖြစ်ဖြစ် ဒါကသူနဲ့ညီမလေးရဲ့ရင်သွေးကို ယုံကြည်ချင်သေးတာဖြစ်သည်။
"သားက......"
"တောင်းပန်ပါတယ် ကိုကောင်းစက်မိုး။ စားဖို့အတွက်သွားယူနေရင်း သားကိုလွှတ်ထားမိတာ။ အနှောက်အယှက်ဖြစ်သွားရင် ကျွန်မတောင်းပန်ပါတယ်ရှင်"
ဖြေရှင်းချက်စကားမှာ ဘာမှပြန်မပြောလိုက်ချင်ပါပဲ ကောင်းစက်ရဲ့အရာအားလုံးက အိမ်မက်တစ်နေကနေလန့်နိုးလာသလိုမျိုးနဲ့ ပျောက်ပျက်ကုန်ရသည်။
"ရပါတယ် အမ။ ကိစ္စမရှိပါဘူး...."
အသံတစ်ချက်လေးမှမထွက်နိုင်တဲ့ ကောင်းစက်ရဲ့ကိုယ်စား ဘေးမှာရှိနေသည့်ကောင်မလေးက ပြောပေးသည်။
ဒီလိုကောင်းစက်တို့ စကားတွေပြောနေကြသည့်အချိန်မှာပဲ စင်ပေါ်မှာညီမလေးကမရှိတော့တာဖြစ်သည်။
အနည်းငယ်လောက် ရီဝေချင်နေသောအကြည့်များကြောင့် စိတ်မချသလိုဖြစ်ရပြီး ညီမလေးဘယ်ရောက်သွားလဲဆိုတာကို မသိမသာနဲ့စုံစမ်းဖြစ်သွားတော့ သူ့အိမ်ကလာခေါ်သည်ဟု သိလိုက်ရသည်။
"စိတ်မချရင် လိုက်သွားလေကွာ။ အခုမှပြန်သွားတာ လိုက်ရင်မှီသေးတယ်။"
"တော်ပြီ...."
ညီမလေးနဲ့ပက်သတ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် စိတ်ကူးယဥ်ဆန်မှုတွေအားလုံးကို လွှတ်ချလိုက်ပြီး ကောင်းစက်လည်း မြတ်နိုးခင်ရဲ့မင်္ဂလာပွဲကနေပြန်ခဲ့လိုက်သည်။ ထိုမှနေ၍ မန္တလေးအထိ တစ်ယောက်တည်းပြန်လာဖြစ်ခဲ့သည်က စိတ်ဆန္ဒတို့နှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ရသေးသည်။
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။