မိုးရေများသည် မန္တလေး၏မိုးပီသစွာနှင့်ပဲ ကျဲဖြန့်ဖြန်းပက်နေတော့သည်။ အဆောင်မှာနေရင်း ကော်ဖီပူပူလေးတစ်ခွက်နှင့် ခံစားလို့ကောင်းနေရမည့် ဒီအချိန်တွင် စာအုပ်ဆိုင်ကို ထွက်လာခဲ့ရသည်။
ကိုယ်တိုင်က စာအုပ်ဖတ်ခြင်းကို ဝါသနာမပါသော်ငြား ဒီကစာအုပ်ဆိုင်နှင့်တော့ တော်တော်လေးရင်းနှီးနေရသည်။
"မောင်လေး တစ်ခေါက် ဘာစာအုပ်ရှာမှာလဲ။ အမကူရှာပေးမယ်လေ..."
မျက်မှန်းတန်းမိနေပုံရသော အရောင်းဝန်ထမ်းအမ၏ စကားကြောင့် ထိုအမထံပြုံးပြလိုက်ရပြီး ခွင့်တောင်းမိသည်။
"ခဏနော် အမ ကျွန်တော်ဖုန်းဆက်ပြီးမေးကြည့်လိုက်ဦးမယ်။"ဝတ်ထားသော စတိုင်ပန့်အနက်ရောင်၏ဘေးအိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းကို နှုတ်ယူပြီး စာအုပ်ဝယ်ခိုင်းသူ၏အကိုဖြစ်သူထံဖုန်းဆက်ရသည်။
"Hello ကိုဗညား....။ ကျွန်တော်စာအုပ်ဆိုင်ရောက်နေပြီ။ ဘာစာအုပ်ဝယ်ခဲ့ရမလဲ။"
"အေး။ စစ်နဲ့ငြိမ်းချမ်းရေးတဲ့ကွာ။
မြသန်းတင့်ရေးတာဆိုလား။"ဖုန်းထဲမှ အဖြေကြောင့် အရောင်းဝန်ထမ်းအမထံကို စာအုပ်အမည်ပြောပြလိုက်သည်။ သိပ်မကြာခင်မှာပဲ မြင်တွေ့လိုက်ရသည့် စာအုပ်အထူကြီးနှစ်အုပ်ကြောင့် သူ့မှာ ခံစားချက်များကင်းမဲ့ရပြန်သည်။
"ဒီတစ်ခေါက်လည်း စာအုပ်အထူပဲ ကိုဗညား။""အေးကွာ....ဒီကောင်မလေး ပြီးမှပါဝါတက်တယ်လုပ်ဦးမှာ။ စျေးမေးကြည့်ပါဦး။"
"၄၀၀၀၀တဲ့။ စာရွက်စျေးတတ်လို့ စျေးမြှောက်သွားတဲ့။ ဝယ်ခဲ့ရမှာလား။"
"ဝယ်ခဲ့လိုက်ကွာ...။ "
"၄၀၀၀၀တဲ့လေဗျာ။ ဒီစာအုပ်မဟုတ်ပဲ တခြားစာအုပ်ဝယ်ခဲ့လိုက်ရင်ရော။ ကျွန်တော်က ခင်ဗျားအစားပိုက်ဆံကုန်မှာစိုးလို့ပြောတာ။"
"မရပါဘူးကွာ။ ငါ့ညီမ အကြောင်းမင်းလည်းသိရက်နဲ့။ ဝယ်ခဲ့ ဝယ်ခဲ့လိုက်ကွာ...."
ကာယကံရှင်ကိုယ်တိုင်က နှမြောတွန့်တိုခြင်းမရှိပဲ ဝယ်ခိုင်းနေသည်မို့ ဝယ်ယူခဲ့သော်လည်း ဆိုင်ကယ်ပေါ်ပြန်ရောက်သည်အထိ သူ့မှာတော့ စာအုပ်အထူကြီးကို နားမလည်နိုင်သလိုကြည့်နေဆဲဖြစ်သည်။
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
詩歌နေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။