"ငါမကြိုက်ဘူးနော် စုစု။ စုစုလုပ်နေတာတွေက မဟုတ်တော့ဘူး။"
ဗညားဘက်က ပြောနေသော်လည်း စုစုကတော့ ကားပြတင်းပေါက်ကို မှီထားရင်း မျက်လုံးကိုလည်းမှိတ်ထားသေးသည်။ ဗညားဘာပဲပြောပြော လျစ်လျူရှုထားတော့မည့် စုစုရဲ့ပုံစံကို အကဲခတ်မိလိုက်ပြီး လိုင်းကားပေါ် မှာဆက်ပြောနေလို့လည်း မကောင်းတာမို့ ငြိမ်နေဖြစ်သွားသည်။
ဒီလိုနဲ့ မောင်နှမနှစ်ယောက်အတူတူလိုင်းကားစီးပြီး အိမ်ပြန်လာရင်းကနေပဲ မြို့ကို ရောက်သည်တွင် စုစုက သူတစ်ယောက်တည်း ဆိုင်ကယ်အရင်ငှားပြီး ဗညားရှေ့ကနေ ထွက်သွားသည်။ အငယ်ဆုံးမို့ အလိုလိုက်ခဲ့ သမျှက ဒီနေရာမှာတော့ ဗညားဘက်ကတော််တော် လေး ဒေါသထွက်သွားရသည်။
သို့နှင့် ကယ်ရီအမြန်ငှားပြီးနောက် အိမ်ကို ရောက်ရောက်ချင်းမှာပဲ စုစုကို အော်ခေါ်ဖြစ်သွားသည်။
"စုစု....စုစုလို့ ငါခေါ် နေတာ မထူးသေးဘူးလား။"
ဆိုင်ထဲဝင်လာခါစတည်းကနေ ဒေါနဲ့မောနဲ့ဖြစ်နေသည့် ဗညားကြောင့်နဲ့ မေမေ တို့ကလည်း စျေးရောင်းနေရာ ကနေ ထွက်လာကြပြီး မေးမြန်းကြတော့သည်။
"ဘာဖြစ်လာတာလဲ သားကြီး။ အသံက ကျယ်လိုက်တာကွယ်။ ဒီမှာစျေးဝယ်တွေလည်း ရှိနေတာကို စိတ်ထိန်းမှပေါ့။"
"စုစု အပေါ် တက်သွားပြီမဟုတ်လား။ သားအပေါ်တက်သွားလိုက်မယ် မေမေ။"
မေမေ့ကို ချန်ရစ်ခဲ့ပြီးနောက် အိမ်ပေါ်ကို တက်လာသည့် အချိန်တွင် ဗညားတွင်ဖြစ်ပေါ် နေသော ဒေါသအရှိန်သည် တော််တော် လေးကို မြင့်တက်နေတာဖြစ်သည်။ ဒေါသတကြီးနဲ့ တံခါးလက်ကိုင်ကို ဆွဲလှည့်လိုက်သည်တွင် အတွင်းထဲက လော့ခ် ချထားသည်မို့ ဒေါသအရှိန်က ပိုတိုးရသည်။
သို့နှင့် စိတ်ထဲရှိတဲ့အတိုင်း အော်ကြီးဟစ်ကျယ်နဲ့အော််ခေါ် ဖြစ်တော့ အခန်းထဲကနေ တံခါးဖွင့်ပြီး စုစုကထွက်လာရမည့် အစားပဲ အောက်ထပ်အလုပ်များနေသည့် မိဘနှစ်ပါးက ရောက်လာတော့သည်။
" ညီမလေးကို အဲ့လောက်ထိဒေါသတွေထွက်ရအောင် ဘာဖြစ်နေတာလဲ သားရယ်။ မင်းညီမက အငယ်ပဲကွာ အလျော့ပေးမှပေါ့။"
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
שיריםနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။