မနက်လင်းလင်းချင်းမှာပဲ မှုန်ဝါးနေသည့်မျက်လုံးက ကူရာမဲ့တော့သည်။ ညကလူတွေပြုံးတိုးပြီး အခန်းထဲရောက်လာကြသည်ကြောင့် အိပ်ရာဘေးတွင်ထားထားသော မျက်မှန်က တစ်စစီကျိုးပဲသွားသည်။
မျက်မှန်မတပ်ထားလျှင် မှုန်ဝါးနေသည့် ပတ်ဝန်းကျင်မှာပဲ စမ်းမိလိုက်သည့် မှန်အပိုင်းအစတချို့က ကြာကြာဆက်ထိကြည့်နေလျှင် ထိရှရမည်မို့ စာအုပ်စားပွဲအပုလေးတွင်တင်ထားသော ဖုန်းကိုလှမ်းယူလိုက်ရသည်။
ဖုန်း Screenဆီငုံ့ကြည့်သော်လည်း မသဲမကွဲနဲ့မို့ မှန်းသမ်းပြီး ခေါ်ဆိုဖြစ်တော့ အကိုခန့်ကျော်ကဖုန်းကိုင်လာတော့သည်။
"Hello...."
"အကိုခန့်ကျော်လား။
စုစုမျက်မှန်လေ...အဲ့တာ ပြုတ်ကျသွားလို့တပ်မရတော့ဘူးဖြစ်သွားပြီ။"ဖြစ်သွားရသည့် အကြောင်းအရင်းအမှန်တရားကို ပြောမပြချင်သည်ကြောင့် ထိုသို့ပြီးလွယ်အောင်ပြောဖြစ်တော့ အကိုခန့်ကျော်က ဆူညံပူညံလုပ်တော့သည်။ ထိုသို့နှင့်အဆုံးသတ်မှာတော့....
"ငါတို့တော့ လာပေးလို့မရဘူး။
နေဦး ကောင်းစက်ဆီဖုန်းဆက်ကြည့်ဦးမယ်""အာ....သူနဲ့မသွားချင်ပါဘူး။"
"သူနဲ့မသွားချင်ရင် နင့်သူငယ်ချင်းနဲ့သွားလေ။ မဟုတ်ရင်လည်း တစ်ယောက်တည်းသွားစုစုရာ။ ဒီမှာအလုပ်များရတဲ့ထဲ နမော်နမဲ့နဲ့ချေးများနေသေးတယ်။"
တစ်အိမ်လုံးက အဲ့ဒီလူနဲ့ဆိုလျှင် စုစုကိုပဲအပြစ်ပြောကြသည်။ အခုလည်း နည်းနည်းလောက်လေး အတွန့်တက်မိသည်ကို ဆူငေါက်နေတော့သည်။ အကိုခန့်ကျော်တို့အားလုံးရဲ့မျက်စိထဲမှာတော့ အဲ့ဒီလူက ရိုးသားကြိုးစားကူညီတတ်သည့် လူရည်မွန်လေးဖြစ်နေသည်။
တကယ်တမ်းမှာတော့ သူတို့ရဲ့လူရည်မွန်လေးက မုန်းစရာကောင်းလောက်အောင် ပြုမူတတ်သည်။ ထိုသို့တွေးလို့မှမဆုံးသေးခင်မှာပဲ အဆောင်အောက်ကနေ အော်ခေါ်သံကိုကြားလိုက်ရသည်။
"ညီမလေး...ညီမလေး.....။"
ခုနှစ်သံချီနေသည့် အော်သံကြောင့်နှင့် ထိုင်နေရာကနေ ဖြည်းဖြည်းချင်းသတိထားပြီး ထ,လိုက်ရသည်။
ΔΙΑΒΑΖΕΙΣ
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Ποίησηနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။