"ခဏနေပါဦး ညီမလေးရ.....။ အဆောင်ရောက်ရင် လူကို ချက်ချင်းပဲ ကျောခိုင်းတော့တာဗျာ။"
"ဘာလဲ စာဖတ်ချင်နေပြီလေ။"
"ကျစ်...ကလေးတွေ ပြောရခက်တာအဲ့တာတွေပဲ။ ကိုယ့်မျက်လုံးကိုယ်အနားမပေးချင်ဘူးကွာ။"
"ကဲ သြဝါဒတွေခြွေမှာဆို ဝင်တော့မှာ။"
အဆောင်ရှေ့ကြီးမှာ ရပ်ပြီး စကားပြောရတာမျိုးကို စုစုကတော့ရှက်သည်။တခြားအဆောင်သူတွေလည်း ညနေဘက်ဆို အဆောင်ရှေ့မှာ ဒီလိုပဲ ကောင်လေးတွေလာတွေ့ရင်းစကားပြောကြတာဖြစ်သည်။ သူများတွေကတော့ ကိစ္စမရှိပေမယ့်လည်း စုစုနဲ့ဒီလူကတော့ အများအမြင်မှာ မောင်လိုနှမလို ဆက်ဆံရေးဖြစ်သည်။
ဒါကြောင့်ပဲ ဒီလိုကြီး လက်ဆွဲထားပြီး စကားပြောနေပုံက မလုံမလဲနဲ့ခံစားရသည်။
"ဘယ်တွေလျှောက်ကြည့်နေတာလဲ။ "
"ဘယ်ဖြစ်ဖြစ်...."
အခုလိုရပ်ပြီးစကားပြောခြင်းကို မလိုလားပုံရသော ညီမလေးသည် မျက်နှာလေးကို ကြာရှည်စွာကြည့်ချင်သောကြောင့် အချိန်ဆွဲနေသည်ကို စတင်ပြီးဂျစ်တိုက်လာတော့သည်။ အကြောင်းသိနေသော ကောင်းစက်ကပဲ မျက်လုံးတစ်ဖက်ကိုမှိတ်ပြပြီး လိုရင်းဖြစ်သည့် လွယ်အိတ်ထဲမှ ပိုက်ဆံကိုသာ ထုတ်လိုက်ရသည်။
"ဒါက ဘာလဲ။"
"ပိုက်ဆံလေ။ ဒီပတ် အကိုကြီးက အိမ်ပြန်မှာ။ အာဘွားမပေးလဲ ရပါတယ်။ အကိုကြီးမှ မနေနိုင်ပဲ...ပိတ်ရက်အတွက် လောက်တယ်မဟုတ်လား။ မလောက်ရင်လည်း ဖုန်းဆက်လိုက်လေ ကျွန်တော်လှမ်းလွှဲပေးမယ်။"
"မယူချင်ပါဘူး တော်ပါပြီ။ "
စုစုလက်ထဲကပိုက်ဆံတွေကို သူ့လက်ထဲပြန်ထည့်ပေးတော့ အဲ့ဒီလူက ချက်ချင်းမှာပဲ စုစုလက်ကိုဆွဲယူပြီးပိုက်ဆံတွေကို ထည့်ပေးသည်။ ထို့သို့ပြုမူ နေစဥ်မှာပဲ အဲ့ဒီလူက ပြောသေးတာဖြစ်သည်။
"ချစ်သူတွေဖြစ်နေကြပြီပဲဟာ။ ဒီပိုက်ဆံလေး အတွက်နဲ့ ဝန်ထုပ်ဝန်ပိုးမဖြစ်ပါနဲ့ကွာ။ အားနာရင်လည်း ကျွန်တော်််ပြောသလိုပဲ အာဘွားပေးလိုက်လေ။ ပိုက်ဆံကပေါပါတယ် ကျွန်တော့်အတွက်ရှားနေတာက ညီမလေးဆီက အကြင်နာတွေဗျ။"
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။