"ကောင်းစက် မင်းကိုပါမောက္ခဒေါ်လွင်လွင်သန်းရှာနေတယ်။ သွားတွေ့လိုက်ဦး....."
"အေး...သွားမယ်။"
နောက်ထပ်တစ်ချိန်မစသေးခင်မှာပဲ အခန်းပြင်ကိုထွက်ခဲ့ပြီး ပါမောက္ခထံသို့သွားရသည်။ အတန်းရှေ့တွင် လူပေါင်းများစွာ သွားလာနေကြသော်လည်း ဂရုမထားနေတော့ပဲ ပါမောက္ခရုံးခန်းကိုသာ ရှေးရှုထားသည်။
"စုစု....။"
ဘေးနားက ခေါ်သံကြောင့် ကောင်းစက်လှည့်ကြည့်မိတော့ လမ်းမအထက်ကနေ ကိုယ်တစ်ပတ်လည်သွားသည့် ကောင်မလေးကို တွေ့လိုက်ရသည်။ ပန်းဖျော့ရောင် ဝတ်စုံလေးနှင့်လိုက်ဖက်တယ်ဆိုသော်လည်း တခြားသူများကဲ့သို့ပင် ကြည့်ပျော်ရှုပျော်လေးဖြစ်သည်။
"ဆိုင်ကယ်တိုက်သွားရင်နော်...နင်တော့မလွယ်ဘူး သိရဲ့လား။"
"အင်း...သိပါတယ်။"
"ဒါဆို စာအုပ်တော်တော့။ သွားမယ်...."
"ဟုတ်ပြီလေ။"
ကောင်မလေးသည် စာအုပ်ကို ပိတ်ပြီး လွယ်ထားသည့် အိတ်ထဲထိုးထည့်သည်။ ပြီးနောက်တွင် ကောင်းစက်သည် မျက်စိရှေ့ကနေ ကောင်မလေးက ထွက်သွားခြင်းကို ဘာမှမပြောလိုက်နိုင်ပဲ ငေးကြည့်နေရုံသာတတ်နိုင်ခဲ့သည်။
"ကောင်းစက်မိုး...."
"ဟုတ်ကဲ့ တီချယ်..."
"မင်းကို တီချယ်လိုက်ရှာနေတာ။ လာ....ကန်တင်းဘက်သွားကြရအောင်။ မင်းတို့အတန်းချိန်ပြီးပြီမဟုတ်လား။"
"ပါမောက္ခဦးကျော်သူအချိန်တစ်ချိန်တော့ ကျန်သေးတယ် တီချယ်။"
"ရပါတယ်....။ သူပြောလာရင်လည်း တီချယ်ခေါ်ခိုင်းနေလို့ဆိုပြီးဖြေလိုက်လေ။"
"ဟုတ်ကဲ့...."
သို့နှင့်ပဲတီချယ့်ဘေးကနေ ခန္ဓာကိုယ်လေးအနည်းငယ်ရို့ပြီး ကန်တင်းသို့လိုက်ပါလာခဲ့ရသည်။
"ကန်တင်းကလည်း ဆေးလိပ်အနံ့တွေကြည့်ပဲ...."
ဘေးဝိုင်းက ခပ်ညီးညီးအသံလေးက ကောင်မလေးဆီမှဖြစ်ကြောင်း အတည်ပြုလိုက်ရပြီးနောက်မှာတော့ ကောင်းစက်သည်ကန်တင်းမှာထိုင်နေရခြင်းအပေါ်တက်ကြွလာတော့သည်။ မျက်နှာချင်းဆိုင်ထိုင်နေသည့် နေရာမှ တီချယ်ပြောနေသောအကြောင်းအရာများသည်လည်း နားထဲမဝင့်တဝင်ဖြစ်ရသည်။
ČTEŠ
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poezieနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။