အပိုင်း (၉)

3.4K 157 7
                                    

လူတစ်ယောက်က ကြည့်နေသလိုမျိုးခံစားရသည်ကြောင့် ကောင်းစက်သည် အိပ်နေရာမှ မျက်လုံးကိုဖွင့်ကြည့်ဖြစ်သည်တွင် ကိုဗညားကိုတွေ့လိုက်ရသည်။

ကိုဗညားကလည်း ကောင်းစက်နိုးလာသည်ကိုမြင်တော့ တစ်ချက်ရယ်သွားပြီး....
"မင်းပြောတော့ သူများအိမ်မှာ မအိပ်တတ်ဘူးဆို။ အခု ၅နာရီခွဲတော့မယ်။ မင်းတရေးမှမနိုးပဲ အိပ်ပျော်သွားတာမဟုတ်လား။"

"......"
အရင်နှစ်တွေတုန်းက ကိုဗညားကအိမ်လည်လိုက်ဖို့ခေါ်တိုင်း သူများအိမ်ဆိုအိပ်ရေးမဝသည့် အကြောင်းတွေပြောပြီး ငြင်းခဲ့တာက လွဲတော့သည်။

ကိုဗညားပြောသလိုပဲ ဒီအိမ်မှာတော့ ကောင်းစက်တော်တော်လေးကို အိပ်ပျော်ခဲ့တာဖြစ်သည်။

"အေးပါ....။ ငါက မင်းအိပ်ပျော်ရဲ့လားဆိုပြီးလာကြည့်တာ။ ဆက်အိပ်ချင်လည်း အိပ်လိုက်ဦးလေ။ ဘုန်းကြီးကတော့ ၆နာရီလောက်မှကြွမှာပါ။"

"ကျွန်တော် ထ,လိုက်တော့မယ်လေ။ ဒါနဲ့ ကိုဗညားညီမလေးရော အိပ်ရာနိုးပြီးလား။"

"စုစုက ဆွမ်းချက်တာလေ။ ၄နာရီလောက်ကတည်းက ထ,နေပြီ။"

"သူက ချက်တတ်လို့လားဗျ။"

အိပ်ရာကနေ ထ,နေရင်းကပဲ ကောင်မလေးနဲ့ပက်သတ်ပြီး မေးခွန်းတွေများနေရသည်။ မနက်လင်းတည်းက ကောင်းစက်သိချင်နေသည်က ကောင်မလေးနှင့်ပက်သတ်သမျှအကြောင်းတွေပဲဖြစ်သည်။

"မင်းမယုံရင် သွားကြည့်လိုက် ငါ့ကောင်။ ငါ့ညီမကနော် ဟင်းချက်အရမ်းကောင်းတာ....။"

မယုံကြည်နိုင်သလို မျက်နှာပေးနှင့်ပဲ ခေါင်းကိုငြိမ့်ပြခဲ့ရင်း ရေချိုးခန်းဆီဝင်တော့ နောက်မှာကျန်ခဲ့သည့် ကိုဗညားက ရယ်ရင်းမောရင်းအော်ပြောလာသည်။
"မင်းကြွေသွားမှာ သေချာတယ်ဟ။" တဲ့။

ဒီစကားကိုတော့ ကောင်းစက်တကယ်ပဲလက်ခံသည်မို့ မျက်နှာသစ်ဖို့လုပ်နေရင်းကပဲ ခေါင်းကိုငြိမ့်နေမိသည်။ ဒီလိုနဲ့မျက်နှာသစ်ခဲ့ပြီး အဝတ်လဲခဲ့ကာ အပြင်ဘက်ကို ထွက်ခဲ့လိုက်သည်။

မနေ့ညက ညစာစားဖြစ်ခဲ့သည့် အခန်းဆီကို ဦးတည်လို့လျှောက်သွားမိတော့ ကျောပေးထားသည့် ကောင်မလေးကို တကယ်ပဲမြင်လိုက်ရသည်။ ဂုတ်ထိလုနေသည့် ဆံနွယ်များအားလုံးကို စုပြီးစည်းနှောင်ထားသည်က ဂုတ်သားဖွေးဖွေးလေးကို မီးရောင်အောက်မှာ လှလှပပလေးမြင်တွေ့လိုက်ရသည်။

အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)Where stories live. Discover now