အပိုင်း (၂၈)

2.7K 139 11
                                    

မနေ့က ကာရာအိုကေမှာ စုစုတို့ ဖက်ဖြစ်ကြသည့် အခြေအနေက တည်းဖြတ်ခြင်းခံထားရသည်။ ဆိုဖာတွင် လျော့တိလျော့ရဲထိုင်နေပြီး ရင်ဘက်မှ ကြယ်သီးတချို့တို့က ဖြုတ်ချထားသည့် အကိုကြီးသည် ရီဝေဝေအကြည့်ဖြင့် သီချင်းဆိုနေသည့် စုစုဆီကိုကြည့်နေတာဖြစ်သည်။

ချစ်ရိပ်တို့ထုံလွှမ်းနေသော အမူးသမား၏ပုံစံသည် ဗီရိုဖိုင်ထဲတွင် လွန်စွာမှ ကြည့်ကောင်းနေတော့သည်။ အကိုကြီးတို့ ဘောလုံးအဖွဲ့ထဲမှ လူတစ်ယောက်က ထိုသို့ပုံစံကို Facebookစာမျက်နှာအထက်တွင် တင်ထားသည်။

မူးနေတာတောင် ဘူမိကမို့ ကြည့်ကောင်းတယ်တဲ့....။ ကပ်ပရှင်က တကယ်ရယ်စရာကောင်းသည်။ ဒီလိုနဲ့ အချိန်ကြာလာတာနဲ့အမျှပဲ ဝင်ကြည့်သူဦးရေနှင့် ပြန်လည်မျှဝေသူဦးရေက တိုးများလာတော့သည်။

Facebookသုံးရင်း အပြုံးပန်းတွေဝေဆာနေဆဲမှာပဲ အသစ်ဝင်လာသည့် Notiကို နှိပ်ကြည့်လိုက်သည်။

"အကြည့်တွေလှတဲ့ အကိုကြီးက စော်နဲ့ အအေးဒိတ်"တဲ့။
ခပ်ဆန်းဆန်းနဲ့ စာသားအောက်တွင် တင်ပေးထားသော ဓာတ်ပုံက ကာယကံရှင် စုစုနဲ့မဟုတ်ပဲ မမဘုန်းမြတ်နဲ့ဖြစ်နေသည်။ ကျောင်းသူတချို့က တဝိုးဝိုးနဲ့ reactတွေပေး‌လာကြသည်မို့ ကြည့်နေရင်းကပဲ စုစုမှာ နှာခေါင်းရှုံ့ဖြစ်သွားသည်။

"ဘာတွေအဲ့လောက်ထိကြည့်နေတာလဲ ညီမလေး။"

"အင်း...ဒီမှာလေ။"

မုန့်ဝယ်ပြီးပြန်လာသူထံကို စုစုရဲ့ဖုန်းကို ထိုးပေးဖြစ်သွားတော့ ကြည့်ပြီးသူက ရယ်သည်။
"ညီမလေးသီချင်းသံနဲ့ အကိုကြီးရဲ့ဒီလိုပုံစံက တကယ်လိုက်တာကွာ။ နော် ညီမလေး အကိုကြီးချောတယ်။"

"အဲ့ဒီအောက်က မန့်ကို ဖတ်ကြည့်။"

"အကိုကြီးက ‌ချောနေတာပဲ။
မူးနေတာတောင် ခန့်ညားနေတုန်း။
အမူးသမားကို တွဲပေးချင်လိုက်တာ...."

"တော်ပြီ ပေး ...."

စုစုဖတ်ခိုင်းတာက အစောတက်လာသည့် ဓာတ်ပုံနှင့်မန့်ကို ဖြစ်သည်။ ဒီလူကတော့ သူ့ကောင်းကြောင်းရေးထားသည့် မန့်တွေကိုပဲ အသံကျယ်ကျယ်နဲ့ဖတ်ပြနေသည်။

အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)Donde viven las historias. Descúbrelo ahora