အပိုင်း (၁၉)
တကယ်လည်း သောကြာနေ့ညနေရောက်တော့ အကိုကြီးက လာခေါ်ပေးသည်။ အကိုကြီးနဲ့ အတူလိုက်ခဲ့သော်လည်း နွေရာသီကြီးဖြစ်နေတာတောင် စုစုမှာ အပေါ်ထပ် ဟူဒီကြီးကို ဝတ်လာခဲ့ရသည်။ အဆောင်ရှေ့ကို ထွက်လာစဥ််က ဟူဒီနှင့်တွေ့လိုက်ရသောစုစုကို အကိုကြီးကသေချာကြည့်နေသည်ကြောင့် အပေါ်မှထပ်ထားသော အင်္ကျီကို အနည်းငယ်လှန်ပြ ဖြစ်သည်။
ဒီလိုဆိုမှ နောက်တစ်ထပ်တွင်ဝတ်ထားသည့် အရင်နေ့က သူပေးခဲ့သောအင်္ကျီကို မြင်ပြီးစုစုကို ရယ်ပြတော့တာဖြစ်သည်။
"ဘောလုံးအင်္ကျီဝတ်ရမှာကို ရှက်လို့လား ညီမလေးက။"
ဆိုင်ကယ်နှင့်ထွက်လာကြသော်လည်း ကြည်လင်စွာဖြင့်ကြားလိုက်ရသည့် အကိုကြီး၏အသံမှာ စုစုတော့ မကျေလည်နိုင်အောင်ဖြစ်သွားရသည်။
"ဘောလုံးအင်္ကျီကို ရှက်တာမဟုတ်ဘူး။ နောက်က စာတန်းကြီးကိုရှက်တာလေ။""ကိုယ့်ချစ်သူနာမည်နဲ့ပဲဟာ။ မြတ်မြတ်နိုးနိုးနဲ့ ဝတ်ဆင်ပါ ညီမလေးရ။"
သူပြောလိုက်လျှင် သူ့အမှားတစ်ခုမှမရှိသည့် လူကို စုစုလည်း ဘာမှထပ်မပြောပဲ ထားဖြစ်တော့ ကုန်စုံဆိုင်တစ်ခုရှေ့မှာ သူ့ဆိုင်ကယ်က ရပ်သွားသည်။ ပြီးနောက်မှ စုစုလက်ကိုဆွဲပြီး ဆိုင်ထဲသို့ဆွဲခေါ်သွားပြန်သည်။
"Mask ဝယ်ပေးမယ်။ နွေရာသီကြီး ပူပါတယ်ကွာ။ အဲ့ဒီအပေါ်ထပ်ကြီး ချွတ်လိုက်နော်။"
ပြောပြောဆိုဆိုနဲ့ပဲ စုစုဝတ်ထားသောဟူဒီကို ခါးစကနေဆွဲမြှောက်ပြီး ကိုယ်တိုင်ပဲ ချွတ်ပေးလေတော့ စုစုမှာလည်း သူ့ဆန္ဒအတိုင်းပဲ လိုက်လျောရတော့သည်။ နောက်ဆုံး Maskအထိပါ ကိုယ်တိုင်တပ်ဆင်စရာမလိုတော့ပဲ ငြိမ်ငြိမ်လေးရပ်နေခြင်းဖြစ်သာ သူ့ရဲ့လုပ်ဆောင်မှုအားလုံးကို ကူညီပေးလိုက်ရသည်။
"ဦးထုပ်လေးပါ ဆောင်းလိုက်။"
"ဒါက အကိုကြီး ဦးထုပ်ဟာကို ။"
"ညီမလေးကလည်း အကိုကြီးရဲ့ညီမလေးပဲဟာ။ အကိုကြီးပိုင်သမျှ အကုန်လုံးက ညီမလေးအတွက်ကြည့်ပဲ။"
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။