"သားရေ မင်းဖုန်းလာနေတယ်။"
စတီစားပွဲခုံပေါ်တွင်ထားသော ကောင်းစက်၏ဖုန်းမြည်သံကြောင့် အမေဖြစ်သူက ပြောနေသည့်တိုင်ပဲ ကောင်းစက်ဟာ အခန်းထဲကနေထွက်မလာနိုင်သေးပေ။
"သားရေ ကောင်းစက်။
ဖုန်းကိုထားခဲ့ပြီး ဒီကောင်လေးကတော့လေ။'နောက်ထပ်တစ်ကြိမ် ဖုန်းကထပ်မြည်လာသည်ကြောင့်နှင့် ကောင်းစက်၏အမေကပဲ ဖုန်းကိုကိုင်လိုက်ရသည်။
"ကောင်းစက်ရေချိုးနေလို့ ကလေးရေ၊ ဘယ်သူလို့်ပြောလိုက်ရမလဲကွယ်။ သူရေချိုးပြီးရင် အန်တီပြန်ခေါ်ခိုင်းလိုက်ပါမယ်။"
သို့ဖြင့် သာယာသော အသံက အဆုံးသတ်သွားသည်နှင့်မှာပဲ ရေချိုးပြီးကာစ ကြည်လင်နေသည့် ကောင်းစက်၏အသံက ထွက်လာတော့သည်။
"ဘယ်သူလဲ မေမေ။"
"ချိုးပြီးပြီလား....။ ရော့ ဒီမှာ ဘယ်သူလဲတော့ မသိသေးဘူး။ ဝမ်းလို့တော့ မှတ်ထားတာပဲကွယ်။ "
ပြုံးစစနှင့် မေမေ့စကားကြောင့် ကောင်းစက်သည်ချက်ချင်းမှာပဲ ရယ်ကျဲကျဲနဲ့ ပြုမူလိုက်ရပြီး မေမေ့လက်ထဲက ဖုန်းကို လက်လွှဲယူလိုက်ရသည်။ ထို့သို့ ဆိုမှပဲ ဖုန်းထဲက ငြိမ်သက်နေမှုတို့ကို အသံပေး၍ ဖြေလျော့စေရသည်။
"ညီမလေး ပြောလေ....ကျွန်တော်ပါ။"
ကောင်းစက်၏အသံကို ကြားသည့်အခါမှ ဖုန်းတစ်ဖက်ခြားက အသံလေးခပ်သဲ့သဲ့က ထွက်ကျလာသည်။
"ဘာလို့ကြာနေတာလဲ.....။"
"ဆောရီး။ ရေချိုးနေလိုက်တာ ကြာသွားတယ်။"
"တကယ်ပါပဲ ။ ဒီမှာ စကားပြောရခက်၊ဖုန်းချရခက်နဲ့ အန်တီ့ကို အားနာစရာတွေဖြစ်ကုန်ပြီ။"
"မေမေပါ....အခုတည်းက မေမေလို့ခေါ်ထားလေ။ မေမေကတော့ ညီမလေးကို အရမ်းချစ်နေတာ။"
ကောင်းစက်ရဲ့ စကားမှာ အနားမှာရှိနေသေးသည့် မေမေက မျက်လုံးလေးပြူးပြသည်။ ဒါကို ကောင်းစက်က ရယ်ပြရင်း ချော်လဲရောထိုင်ပေးဖို့အတွက် မွေးသမိခင်၊ကျေးဇူးရှင်ကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ရသည်။
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။