အပိုင်း (၂၉)

2.7K 135 10
                                    

"ကျောင်းသင်္ကြန်အတွက်ကို ကျွန်တော်တို့ ကျောင်းသားတွေဘက်က ရန်ပုံငွေကောက်ဖို့ စီစဥ်ရင်ပိုကောင်းမယ်လို့ ထင်တယ်။ ဆရာတို့ဘက်ကလည်း အဆင်ပြေမယ်ဆိုရင် စာသင်ခန်းတွေထဲမှာ ဒီကိစ္စကို နှိုးဆော််ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။"

သမဂ္ဂရုံးတွင်မဟုတ်ဘဲ ဝန်ဇင်းခန်းမတွင် စားပွဲရှည်နှစ်ခုချထားကာ ဆွေး‌‌နွေးနေကြသည့် စာသင်နှစ်တဖြတ်အတွက် အပြီးသတ်ဆွေး‌နွေးပွဲတွင်ဖြစ်သည်။ အရင်တစ်ခေါက် ဆန္ဒထုတ်ဖော်ကြသည့် အခြေအနေဖြစ်သွားပြီးနောက်တွင် ကောင်းစက်တို့ ကျောင်းသားသမဂ္ဂနှင့် ဆရာများသမဂ္ဂအဖွဲ့တို့ ပထမအကြိမ် မျက်နှာစုံညီ ပြန်လည်ဆွေး‌‌နွေးကြခြင်းလည်းဖြစ်သည်။

ငြိမ်သက်နေသည့် လေထုအရ  ကောင်းစက်အချုပ်ထဲ ရောက်သွားခြင်းနှင့် ပက်သတ်ပြီး ဆရာတွေဘက်က အခုထိ အားတုံ့အားနာဖြစ်နေပုံရသည်။ အဖွင့်အမှာစကား ပြောပြီးသည်နှင့် ဆရာတွေဘက်ကငြိမ်သက်သွားသည့် အခြေအနေတွင် ကျောင်းသားကိုယ်စားလှယ်တစ်ယောက်အနေနှင့် အဖွင့် လှအောင်ကောင်းစက်ဘက်က စာမေးပွဲပြီးသည့် နောက်တွင်ကျင်းပကြမည့် သင်္ကြန်ကိစ္စကို ‌ပြောခြင်းဖြစ်သည်။

တကယ််တော့ ဒီနေ့အတွက်ကို ကောင်းစက်တို့‌ပြောဆိုရမည့် ခေါင်းစဥ်က အဖွဲ့ဝင်များနှင့် သမဂ္ဂရုံးတွင် ဆွေးနွေးထားခဲ့ပြီးဖြစ်သည်။ လာမည့် 18ရက်နေ့တွင် ကျင်းပမည့် စာမေးပွဲနှင့် ပက်သတ်ပြီး ကောင်းစက်တို့ဘက်က အရင်တောင်းဆိုချက်ကို ဆက်လက်ပြီး တောင်းဆိုဦးမည် ဖြစ်သည့်အပြင် ‌ထိုတောင်းဆိုချက်အတိုင်းအခွင့်အရေးမရရှိပါက နောက်ထပ်အနေနဲ့ စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာကိစ္စနှင့် ပက်သတ်ပြီး ငွေကြေးကောက်ခံမှုကို ငြင်းဆန်မှာပဲဖြစ်သည်။

"နောက်ထပ်အနေနဲ့ လာမယ့် စာမေးပွဲမှာ ဖြေလွှာနဲ့ အတူပဲ လိုအပ်တဲ့ အသုံးအဆောင်အားလုံးကို ကျောင်းရဲ့ ဘတ်ဂျက်ငွေကြေးထဲကနေ အသုံးပြုပေးဖို့ကိုလည်း ထပ်ပြီးတောင်းဆိုချင်ပါတယ်။"

"ဒါ ....တော့ မဖြစ်နိုင်ဘူး ကောင်းစက်။
ကျောင်းအတွက်ချပေးတဲ့ ဘတ်ဂျက်‌‌ငွေက ဒီနှစ်မှာ အားကစားရုံပြုပြင်ဖို့ အတွက်ကို သုံးရမှာ။"

အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)Where stories live. Discover now