အပိုင်း (၁၃)

3.6K 168 20
                                    

တနင်္လာနေ့မနက်တွင် ဒီနှစ်၏ဥက္ကဌတစ်ဦးအနေနှင့် အဖွဲ့ဝင်များအစည်းအဝေးကို မနက်စောစောမှာသွားတက်ရမည်ဖြစ်သည်။ ထိုသို့ပဲ မနက်၆နာရီခွဲတွင် အဆောင်ကနေထွက်ခဲ့လိုက်ပြီး မနေ့ကမှချစ်သူတွေဖြစ်ခဲ့သည့် ကောင်မလေးအတွက်ဆိုပြီး မနက်စာအဖြစ်ပဲပြုတ်နှင့်နံပြားကို လူစောင့်တန်းစီပြီး ဝယ်ယူဖို့ရှိနေသည်။

"Hello....."

ကောင်းစက်၏အလှည့်မရောက်ခင်မှာပင် ဖုန်းသံကတုန်ခါသည်ကြောင့် တစ်ဆက်တည်းမှာပဲ လက်တွင်ဝတ်ဆင်ထားသော နာရီဆီအကြည့်ရောက်ရသည်။

နံပြားဝယ်ဖို့အတွက်ကို တန်းစီပြီးစောင့်နေရင်းကပဲ အချိန်သည် ၇နာရီကျော်သွားပြီဖြစ်သည်။

"ကောင်းစက်။ မင်းထွက်လာပြီလား......။"

"အေး....ထွက်လာပြီးပြီ။ ခဏနေရင်ရောက်တော့မှာ။"

"မြန်မြန်လာကွ။ ပုံမှန်ဆို ၆ခွဲရင်ရောက်နေပြီကို။
အခုက ၇နာရီကျော်နေပြီဟ ငါ့ကောင်ရ။"

"အေးးပါ.....။"
သူရဦးနဲ့ဖုန်းပြောနေရင်းမှပဲ ကောင်းစက်၏အလှည့်ကို ရောက်ပြီမို့ အရောင်းဝန်ထမ်းဆီကို ဝယ်ယူမည့်ပမာဏအား ပြောရတော့သည်။
"နံပြားက ၄ချပ်၊ ပဲပြုတ်က၂ထုပ်၊ ထောပတ်က၂ချပ်သုတ်မယ်နော်။ ပြီးတော့ နွားနို့ကတစ်ခွက်နဲ့ မလိုင်ကြည့်၁၅၀၀ဖိုး ခွဲထည့်ပေးပါ။"

ဖုန်းချရသေးပဲနှင့် မှာလိုက်သည့်ထိုသို့အမှာမှာ Screen တစ်ဖက်ခြားမှသူရဦး၏အသံက အံ့သြထိတ်လန့်သွားပုံရသည်။
"ဟေ့ကောင်....မပြောနဲ့နော် မင်း။
မင်း ဒီနေ့ကြီးမှ အဲ့ဒီတန်းစီရတဲ့ဆိုင်ကိုသွားနေတာလို့ မပြောနဲ့နော်.....။"

ဒီနေ့က တကယ်ကြီးသည့်နေ့ဖြစ်သည်။ သို့သော်လည်း ကောင်းစက်အဖို့မူ သူရဦး၏အသံက ရယ်ဖို့ကောင်းနေသည်။ စိုးရိမ်တကြီးနဲ့ ဤသို့မယုံကြည်နိုင်ဖွယ်ရာစကားသံမှာ အချစ်စိတ်တွေလျှံနေသည့် ကောင်းစက်က အသာအယာရယ်သွေးရင်း နောက်ထပ်စောင့်ရမည့်အချိန်ကို ကုန်စေလိုက်သည်။

သို့နှင့်ပဲ ၇နာရီ၁၅မိနစ်ကျော်တွင်တော့ မှာယူထားသည်များကို ရခဲ့သည်မို့ငွေရှင်းခဲ့ပြီးနောက်မှာ ကောင်မလေး၏အဆောင်သို့အမြန်ပဲ ဆိုင်ကယ်မောင်းလာဖြစ်သည်။

အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)Where stories live. Discover now