အပိုင်း (၂၆)

2.6K 138 16
                                    

ထူးထူးဆန်းဆန်းမှာပဲ တနင်္လာနေ့ မနက်ပိုင်းမှာ Tutorialရှိသည်ဆို၍ စုစုတို့ပထမနှစ်တွေအားလုံးက အခန်းထဲကို ရောက်နေကြသည်။ အပြင်ဘက်က အသံများကြောင့် တချို့ကျောင်းသားတွေက စပ်စပ်စုစုဖြစ်နေကြသော်လည်း စုစုဘက်ကတော့ အေးဆေးလို့နေခဲ့သည်။

CS Tutoဖြစ်တာကြောင့်နဲ့ တောင်စဥ်ရေမရတွေ ဖြေနေရင်းမှ ရဲကားသံများကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသူများထဲတွင်တော့ စုစုလည်းပါဝင်ခဲ့ရသည်။ တီချယ်က လျင်မြန်စွာပဲ အခန်းတံခါးများကို ချက်ချထားစေသည်။ ရဲတွေပြန်သွားပြီးနောက်ပိုင်းမှ စုစုတို့ကို အတန်းဆင်းပေးသည်ကြောင့် ချက်ချင်းမှာပဲ အကိုကြီးဆီကို စုစုဖုန်းခေါ်ဖြစ်သွားသည်။

ဖုန်းမကိုင်တာကြောင့်နဲ့ ပိုလို့စိတ်ပူရပြီး သမဂ္ဂရုံးဆီအပြေးသွားကြည့်ဖြစ်တော့ ရုံးခန်းတံခါးက သော့ခတ်၍ပိတ်ထားသည်။ အကိုကြီးတို့များ တစ်ခုခုဖြစ်သွားလား ဆိုသည့် အတွေးနဲ့ပဲ မဂ္ဂဇင်းတိုက်ဘက်သို့ သွားဖို့ကိုလည်း သတိမရတော့ပဲ ကျောင်းပြင်သို့ အပြေးထွက်ကြည့်မိသွားသည်။

တစ်ယောက်တည်းပဲ ကမ္ဘာတွေပျက်နေရင်းကနေ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အကိုကြီးနဲ့ပက်သတ်ခဲ့သမျှလူတွေကိုလည်း မတွေ့ရပဲရှိနေသည်။

"ကျစ် ဒါကွာ သက်သက်မဲ့ချိုးသွားတာ။"

"ဟုတ်တယ်။ ကျောင်းက ဆရာတွေလည်း အလုပ်ကို မဟုတ်တာကွာ။ အုပ်ကြီးတော့ ပါသွားရပြီ။"

ဝင်ပေါက်၏ အပြင်ဘက်တွင် ရပ်၍ပြောနေသော စကားသံများကို ခပ်သဲ့သဲ့ကြားလိုက်ရသည်ကြောင့် အကိုကြီးတို့အကြောင်းများလား ဆိုပြီး နားစွင့်မိသည်။

"တခြားကောင်တွေက ဝမ်းသာတယ်တောင်ပြောနေကြသေးတယ်။ အလကားကောင်တွေကွာ ဘယ်လိုဦးနှောက်နဲ့ တက္ကသိုလ်ရောက်လာကြတယ်မသိဘူး။"

"အေးကွာ...။ သူတို့မှ အဖမ်းမခံရတာ။ ပျော်နေကြမှာပေါ့...."

ဆက်လို့ နားမထောင်နိုင်တော့ပဲ သူတို့အနားကို သွားပြီး စုစုကပဲအရင်မေးဖြစ်သွားသည်။
"ဟို...အစောက ဆန္ဒထုတ်ဖော်နေကြတဲ့ သူတွေကို ဖမ်းသွားတာလားရှင့်။"

အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)Where stories live. Discover now