မနက်ခင်းပိုင်းတစ်ပိုင်းလုံး ပျောက်ချက်သားကောင်းနေသူက ညနေပိုင်းမှောင်ရီပျိုးချိန်ရောက်မှ ရောက်ချလာသည်။ ထိုအချိန်တွင် စုစုသည် ကျောင်းကိစ္စအားလုံး ပြီးမြောက်ပြီမို့ မနေ့ညက ဖတ်လက်စဖြစ်သော ဆရာဦးအောင်သင်း၏ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ စာအုပ်လက်ကျန်ကို ဖတ်ဖြစ်နေသည်။"စုစုရေ ညီမလေး၊ ညီမလေး အကိုရောက်နေတယ်။ ဖုန်းခေါ်တာ မကိုင်လို့ဆိုလား။"
အခန်းတံခါး ဝမှ အမ၏အပြောကြောင့် စာအုပ်ဖတ်နေရင်းကပဲ ထ,သွားဖြစ်တော့ လက်ထဲတွင်ဖုန်းကိုလည်း မယူလာဖြစ်ခဲ့ပေ။ အဆောင်အပြင်ကို ရောက်သည်မှာ မြင်လိုက်ရသော မျက်နှာက တော်တော််လေးကို နွမ်းလျနေသည်။
"ညီမလေး....."
မနေ့ညကလို မဟုတ်ပဲ ခေါ်သံကိုက ထိုင်းမှိုင်းနေသည်။ ထို့ကြောင့် မနေနိုင်စွာနဲ့ပဲ မေးဖြစ်သွားသည်။
"ခေါင်းကိုက်နေတာလား။"
"အင်း။"
"သွားမယ်လေ သံပရာရည်ပဲဖြစ်ဖြစ်သွားသောက်ရအောင်။"
သွားကြဖို့အတွက်ကို စုစုကပဲ ပြောမိသွားသည်။
"ရလား ညီမဆိုင်ကယ်မောင်းပေးရမလား။"ဒီလိုဆိုတော့ အရက်နာကျနေသူက ချက်ချင်းပဲ ငြင်းဆန်လာတော့သည်။
"မလုပ်ပါနဲ့။ ကျွန်တော်ပဲ စီးပါမယ်။ ညီမလေးက နောက်ကနေခါးဖက်ပြီး လိုက်ခဲ့ရင် ပိုအဆင်ပြေမှာ။"
"အပိုကြီး မလုပ်နဲ့ သွားတော့လေ။"
အဆောင်က အမတွေကြည့်နေကြမည်ကြောင့် စုစုတို့ အဆာင်ကနေထွက်ခဲ့ကြရင်း သူကတော့ သွားနေကြဖြစ်သည့် ကန်သာယာကိုပဲ ဦးတည်ပြီးမောင်းနေသည်။ ဆိုင်ကယ်ရပ်ပြီးသည်တွင် ခေါင်းကိုက်နေတာကြောင့်ပဲ ဖြစ်မည်။ ကိုအပိုကြီးက ဘာမှမပြောနိုင်သေးပဲ နှင့် စုစုလက်ကိုပဲ ဆုပ်ကိုင်ကာ ဆိုင်ထဲဝင်သည်။ ရောက်လာသော စားပွဲထိုးကိုပင် စုစုကပဲ သောက်စရာနှစ်ခွက်မှာပေးရသည်အထိ အခြေအနေကဆိုးနေတော့သည်။
"သံပရာရည် ချဥ်ချဥ််လေးတစ်ခွက်နဲ့ ငှက်ပျောသီးဖျော်ရည်တစ်ခွက်ပေးပါနော်။"
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။