"သား....."
"မေ ရောက်လာတယ်...."
"သားမှအိမ်ပြန်မလာပဲ။ မေလိုက်လာတာပေါ့...."
မေရောက်လာသည့်အချိန် အိမ်မှာရှိနေ၍သာတော်တော့သည်။ ညနေဘက်ကိုရောက်ပြီမို့ ဘီယာဆိုင်ဆီမသွားခင်လေးမှာ မေရောက်လာတာ ကောင်းစက်ကံကောင်းသည်။
"ဒီရက်တွေက ကျွန်တော်တကယ်မအားလို့...."
"မလိမ်ပါနဲ့။ သားအရက်ဆိုင်ကြည့်သွားနေတာ မေသိတယ်။ ဒီလိုတစ်ယောက်တည်း စိတ်ထင်ရာတွေလုပ်နေတာ မေစိတ်ပူတယ်သိရဲ့လား။"
မေစိတ်ပူတာကို သိတာထက်ပဲ နောက်ထပ်ထွက်လာတော့မည့် မေ့စကားတွေကိုသိနေတာဖြစ်သည်။ ဟိုကောင်မလေးနဲ့ အကြောင်းတွေကို အောင်သွယ်ခလည်းမရပါပဲ မေဆိုတာက မမောနိုင်မပန်းနိုင်ပဲထုတ်ပြောဦးမည်။
"သမီးကဆို သားကိုအရက်တွေကြည့်သောက်နေလို့ စိတ်ညစ်နေပြီတဲ့ကွယ်။ သမီးလေးပြောတာကလည်းမှန်ပါတယ်။ သားက အရက်တွေအလွန်အကျွံသောက်နေတော့တာ အမှန်ပဲ။"
"မေ....မေ.....။ ကျွန်တော်ချိန်းထားတာလေးရှိလို့ အပြန်မှပဲ နားထောင်မယ်လေ။"
"မရဘူး။ မရဘူး သား.....။
ဒီတစ်ခါတော့ သားပြေးလို့မရစေရဘူး။"အပြောနဲ့အလုပ်ညီစွာပဲ မေက ကောင်းစက်လက်ကိုဆွဲထားတော့ ကောင်းစက်မှာ စိတ်ကျဥ်းကျပ်ရသည်။ ဒီအရွယ်ပဲရောက်နေပြီ အခုထိကလေးလိုမြင်နေသေးသည့် မေ့ကိုလည်းကြည့်ပြီး ကိုယ်တိုင်ကမွန်းကျပ်ရသည်။
"မေ့ကိုဆို သားက အမြဲအဲ့လိုပဲ စိတ်မရှည်ဘူး။"
စိတ်ပျက်သွားသည့်မျက်နှာကိုပြင်ကိုထိန်းသိမ်းလို့မရနိုင်တော့ပဲ မေ့ကိုစိတ်ဆင်းရဲအောင်လုပ်မိသွားတော့သည်။
"မေသိပါတယ်။ အခုသားအတွက် မေကအရေးမပါတော့ဘူးမဟုတ်လား။ မေဘာပြောပြော သားက လက်မခံတော့တာ....."
"အဲ့လိုမဟုတ်ဘူး မေ...."
"အဲ့လိုဟုတ်ပါတယ်။ မေ့ထက်သားက....."
"ညီမလေးကို ထည့်မပြောပါနဲ့မေရာ။ မေတို့က ကျွန်တော့်အတွက်တကယ်ထူးခြားတယ်။ ဒါကိုဘယ်လိုဘယ်ပုံဆိုပြီးနှိုင်းယှဥ်မနေပါနဲ့လား မေရာ။"
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။