အပိုင်း ၃၂

2.7K 209 4
                                    

(Zawgyi)

ဆရာဝန်လေး ခွန်အိုက်သီဟနှင့် ကောင်းမြတ်တို့ နှစ်ယောက်မှာတော့ စာသင်ကျောင်းများတွင် ကလေးငယ်များအား စာသင်ပေးရင်း အလုပ်ရှုပ်နေကြသည်။

ကောင်းမြတ်မှာတော့ ဆရာဝန်လေးကို လမ်းတွင် တခြားသူများ သူ့ကောင်လေးအနား မကပ်အောင် လိုက်စောင့်ပေးခြင်းသာ။

စာသင်ကျောင်းမှ စခန်းသို့အပြန် လမ်းတွင်တော့

"ဟို ဆရာလေး"

"ဟုတ်ကဲ့"

"သကြန်မို့ အိမ်မှာ မုန့်လုပ်စားလို့ မုန့်လုံးရေပေါ်လေး ဆရာလေးအတွက် ထည့်ပေးလိုက်ချင်လို့"

"ရပါတယ်ဗျာ။ တကူးတကကြီး ရွာပြင်ထွက်ပေးရတော့ ညီမ ပင်ပန်းတာပေါ့"

"မဟုတ်တာပဲ ဆရာလေးရယ်။ ဆရာလေးကို စားစေချင်တဲ့စေတနာနဲ့ပါ။ အမိုး နေမကောင်းဖြစ်တော့ ဆရာလေးပဲ ဆေး ကုသပေးခဲ့တာ ကျေးဇူးတင်လို့ပါ"

"အော် ဒါက ကျွန်တော် ဆရာဝန်တယောက် လုပ်ပေးရမဲ့ တာဝန်ပါဗျာ"

"အမိုးကတောင် ဆရာလေးကို အိမ်ကို ထမင်းဖိတ်ကျွေးချင်နေတာ ညီမက ဆရာလေး အားမှန်းမသိ မအားမှန်းမသိနဲ့ အားနာစရာကြီး အမိုးရယ် ဆိုပြီး အတင်းတားထားရတယ် "

ကောင်မလေးက ရှက်ပြုံးလေးနဲ့ စကားဆိုပြန်တော့ ခွန်အိုက်သီဟလဲ ငြင်းရခက်ခက်ပင်။

ဘေးနားက ကောင်း ကတော့ မျက်မှောင်ကြုံကာ မိမိတို့နှစ်ယောက်အား ကြည့်နေလေပြီ။

"ဟုတ်တယ်ဗျ ကျွန်တော်လဲ ဆေးခန်းထိုင်လိုက် ကလေးတွေစာသင်ပေးလိုက်နဲ့ အလုပ်နဲနဲရှုပ်နေတယ်ဗျာ"

"အဲ့တာဆို ဆရာလေး နေ့လည်စာစားတဲ့အချိန်လောက် အချိန်ခနလောက်ရရင် ညီမတို့အိမ်ကို ထမင်းစားဖို့ ကြွခဲ့ပါအုံး။ ထမင်းစားရုံပဲဆိုတော့ အချိန်အများကြီး မပေးလဲရပါတယ် လာခဲ့ပါနော်"

ချည်ပြီးတုတ်ပြီး မေးတဲ့စကားဖြစ်နေသောကြောင့် အပြတ်ငြင်းပစ်ဖို့ရာ အားနာနေမိသည်။

ထိုအချိန်တွင် ကောင်းထံမှ

"အဟမ်း အဟမ်း"

"အော် ဒါဆရာလေး ညီလေးလား။ ညီမတို့အိမ်မှာထမင်းလာစားရင် ဆရာ့ညီလေးပါ ခေါ်ခဲ့လေ။ ညီမဟင်းတွေအများကြီးချက်ထားမှာပါ"

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now