အပိုင်း ၉

3.5K 272 12
                                    

(Zawgyi)

" ငါတို့ တပ်စခန်းမှာ သေနတ်အမျိုးအစားအများအပြားရှိတဲ့အထဲကမှ မင်းတို့ကို ဒီနေ့ ပစ်စတိုနဲ့ ရိုင်ဖယ်တွေအကြောင်းကို ပြောပြပေးမယ်။ ဘာလို့လဲဆိုတော့ ပစ္စတိုနဲ့ ရိုင်ဖယ်သေနတ်တွေက မင်းတို့လို ခြေလျင်တပ်သားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ လက်နက်တွေဖြစ်လို့ပဲ။

ပစ္စတို(Pistol)ကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားထားတယ်။ ကျည်ဆံ ၆တောင့်ကို ဆုံလည်ကျည်အိမ်မှာ ထည့်ပစ်ရတဲ့ ခြောက်လုံးပြူးသေနတ် (Revolver) နဲ့ ကျည်ဆံ ၁၂ တောင့်မှ ၁၄တောင့်အထိထည့်ပစ်လို့ရတဲ့ အော်တိုမောင်းပြန်ပစ္စတိုပဲ ဖြစ်တယ်။

Revolver & Semi-Auto Pistol
ရိုင်ဖယ်(Rifle) ဆိုတာကတော့ မောင်းတုံးနဲ့လှုပ်ရှားပြီး ကျည်ဆံအားဖြင့် ၅တောင့်ကနေ ၃ဝအထိ ထည့်ပြီးပစ်လို့ရတယ်။ အော်တိုမတ်တစ်(Automatic) ဖြစ်တဲ့အလျှောက် အတွဲလိုက် အလိုအလျှောက် ပစ်ခတ်ရာမှာ ကျည်တစ်တောင့်ပစ်ပြီးတိုင်း နောက်ကျည်တတောင့်က ကျည်ပေါက်ထဲကို အလိုအလျောက်ဝင်ပြီးသားဖြစ်တယ်။ ဒီအချိန်မှာ မောင်းခလုတ်ကို ဆက်တိုက်ဆွဲထားလိုက်ရင် ကျည်ရိုက်တန်က ကျည်ဆံရဲ့ဖင်ကို ရိုက်ခတ်ပြီး ကျည်ဆံ တွေတရစပ် ထွက်လာမှာဖြစ်တယ်။

မောင်းတုံးထိုး ပစ်ခတ်ရသော ရိုင်ဖယ် (SMLE Bolt Action Rifle) ကတော့ အလေးချိန် ၃.၃၆ kg နဲ့ အရှည် ၁.၁၃ m ရှည်တယ်။ သူ့မှာ ကျည်ဆံ ၁ဝတောင့် ထည့်နိုင်တဲ့ ကျည်အိမ်တခုပါတယ်။

အမေရိကန်တပ်မတော်ရိုင်ဖယ် (U.S Army Rifle) တွေမှာတော့ ပြောင်းရစ်ပါရှိတဲ့အတွက် ပစ်လိုက်တဲ့အခါ ကျည်ဆံက လည်ထွက်သွားပြီး ပစ်မှတ်ကို တိကျစွာသွားမှန်ပါတယ်။ လှံစွပ်တွေကတော့ ရန်သူကို အနီးကပ်တိုက်ခိုက်ရာမှာအသုံးပြုတယ်။
ဒါကတော့ M16 မောင်းပြန်ရိုင်ဖယ်။ ဒီ M16 ကိုတော့ကျည်ဆံ ၅.၅၆ မမ ထည့်ရပြီး သေနတ်ကိုယ်ထည်တခုလုံးကို ဖိုင်ဘာ၊အလွိုင်းသတ္တုတို့နှင့်လုပ်ထားတာကြောင့် ကိုင်တွယ်ရတာ ပေါ့ပါးတယ်။

M16 Rifle
ဒါကတော့ အသုံးများဆုံးဖြစ်တဲ့ AK47 ရိုင်ဖယ်။ AK47 ကို ၇.၆၂ မမ ကျည်ဆံထည့်ရပြီး တာဝေးပြစ်ခတ်တာထက် အနီးကပ်စုပြုံပြီး တိုက်ခိုက်တာမှာအသုံးများတယ်။ သူ့ကိုတော့ ရုရှားက လုပ်တာဖြစ်တယ်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now