အပိုင်း ၂၄

3.9K 289 3
                                    

(Zawgyi)

(ဒီအပိုင်းတွင် သွေးထွက်သံယိုနှင့် လူသတ်မှု များ ပါဝင်သောကြောင့် PG-13 သတ်မှတ်ထားပြီး သတိပြုဖတ်ရှုပေးစေချင်လိုပါတယ်)

လင်းယုန် တပ်စခန်းမှာတော့ သင်တန်းဆင်းပွဲ အပြီး သုံးလေးရက်လောက် အလုပ်ရှုပ်နေကြသည်။

တပ်စခန်းတွင် အစက လေ့ကျင့်တပ်သား အဖွဲ့ဝင် အယောက် ၁၀၀လောက် ရှိသော်လဲ ကိုယ်တာဝန်ထမ်းဆောင်ချင်သည့်နေရာများသို့ ပြောင်းရွေ့ကုန်ကြ၍ အရင်ကလောက် လူမများတော့။

တချို့ကလဲ မြို့က မြေအောက်တော်လှန်ရေးအဖွဲ့များနှင့်သွားရောက်ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဝင်ကြသည်။

တချို့ကတော့ ဌာနချုပ်သို့ သွားကာ နည်းပညာ အဆင့်မြင့်သင်တန်းများ သွားတက်ကြသည်။

တချို့ကလဲ ထောက်ပို့တပ်သို့ သွားရောက်ကာ ရိက္ခာများကို ပို့ဆောင်ပေးသည့် တာဝန်ကို ယူကြသည်။

တော်လှန်ရေးအတွက် အဘက်ဘက်က လိုအပ်သည်များကို တာဝန်ယူခွဲဝေထမ်းဆောင်ကြသည်။

နွဦေးသာတို့ သူငယ်ချင်းလေးယောက်မှာတော့ ဒီလင်းယုန်တပ်စခန်းတွင် နေကာ ကျေးရွာများ တပ်စခန်းများကို ကာကွယ်တိုက်ခိုက်ဖို့အတွက် ရွေးချယ်ခဲ့ကြလေသည်။

"ငါတို့ ဒီလင်းယုန်တပ်စခန်းရဲ့ ပထမဆုံး မစ်ရှင်ကို ရက်အနည်းငယ်အတွင်း ပြုလုပ်ဆောင်ရွက်မှာ ဖြစ်တယ်"

"ဟုတ်ကဲ့"

"မင်းတို့တွေရဲ့ သင်တန်းဆင်းပြီး ပထမဆုံး မစ်ရှင် ဖြစ်တဲ့အတွက် အရာရာကို သတိဝီရိယနဲ့ လုပ်ဆောင် ကြဖို့ မှာကြားချင်တယ်"

"ဟုတ်ကဲ့ပါ ဗိုလ်လေး"

"ငါတို့ ဆွဲထားတဲ့ Mission Plan ထဲကနေ သွေဖယ်ပြီး တခြားဘာမှ မလုပ်ဖို့ သတိပေးချင်တယ်။ ပထမဆုံးမစ်ရှင်က တော့ ငါတို့ ဒီတပ်စခန်းနဲ့ အနီးဆုံးနေရာမှာ ရှိတဲ့ အမှတ်(-) ရဲစခန်းကို ဝင်တိုက်ခိုက် သိမ်းပိုက်မှာပဲ ဖြစ်တယ်"

"ဟုတ်ကဲ့"

"ပထမဆုံးတိုက်ခိုက်မှု ဆိုတဲ့အတွက်ကြောင့် လမ်းခရီးအနီးဆုံး လူအင်အား အနည်းဆုံး ရဲစခန်းကနေ စတင် တိုက်ခိုက်ခြင်းပဲ။ ဘယ်လောက်ပဲ လူအင်အားနည်းသည်ဖြစ်စေ သူတို့မှာ လက်နက်တွေ ရှိတဲ့အတွက် ပြန်လည်ခုခံတိုက်ခိုက်မှာပဲ။ အဲ့တာကို မင်းတို့ သေချာနားလည်သဘောပေါက်ထားရမယ်။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ရန်သူကို ဘယ်တော့မှ အထင်မသေးမိစေနဲ့။ ရန်သူကို အထင်သေးလိုက်တာနဲ့ မင်းတို့ ရှုံးပြီပဲ ဆိုတာ မှတ်သားထားပါ"

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Wo Geschichten leben. Entdecke jetzt