အပိုင်း ၁၅

3.4K 268 30
                                    

(Zawgyi)

ထိုမနက်က ကိစ္စ ဖြစ်ပြီးသည့်နောက်တွင် နွဦေးသာ ခေါင်းဆောင်စောကို တမင် ရှောင်နေ မိနေသည်။

စိတ်ထဲတွင် မတင်မကျဖြစ်နေကာ စိတ်ရှုပ်ထွေးနေစဉ် ကောင်းမြတ် ပြောပြသည်များ ကြားပြီး ပို၍ပင် စိတ်ရှုပ်ထွေးသွားသောကြောင့်ပင်။

မိမိ အိပ်ဆောင်တဲသို့ ပြန်ချင်သော်လဲ အဖျားအကြောင်းပြကာ ပြန်ခွင့်မပေးသော ခေါင်းဆောင်စောကြောင့် အခက်တွေ့ကာ သူ့နားနေတဲမှာပင် နေနေ ရသည်။

ပိုဆိုးသည်က ခေါင်းဆောင်စောအား တွေ့တိုင်း ထို့မနက်က အဖြစ်အပျက်အား ပြန်လည်မြင်ယောင်၍ ရင်အခုန်မြန်လာခြင်းပင်။

သူ့နားနေတဲတွင် နေသောကြောင့် နှစ်ယောက်သားကလဲ မကြာခန မျက်နှာချင်းဆုံဖြစ်သည်မို့ နှလုံးခုန်သံက ပိုဆိုးလာရကာ မျက်နှာချင်းမဆုံမိအောင်သာ စောစော အိပ်ရာဝင်၍ ခေါင်းမြီးခြုံထားလိုက်သည်။

"တပ်သား နွဦေး နေမကောင်းဘူးလား"

"မဟုတ်ပါဘူး။ ကောင်းပါတယ်။"

"ဒါဆို ခေါင်းမြီးခြုံထားတာကြီး ဖယ်လေ။ မွန်းမယ်။"
"ဟုတ်ရတယ်။ မမွန်းဘူး။"

"တကယ် အဆင်ပြေရဲ့လား။ မင်း ဒီနေ့ တနေကုန် မျက်နှာလဲ မကောင်းဘူး"

"ဟုတ် အဆင်ပြေပါတယ်။ ခေါင်းဆောင်စော။ ဘာမှမဖြစ်ပါဘူး။"

အရင်က ရွှင်ရွှင်ပြပြ ကလေးက အခုလိုမှိုင်မှိုင်တွေတွဖြစ်ကာ ခေါင်းမြီးခြုံထဲက ထွက်မလာပဲ စောင်အောက်မှသာ စကားပြန်ပြောနေသော နွဦေးသာအား ခေါင်းဆောင်စောမှ ကြည့်ရင်း စိတ်မကောင်းဖြစ်ကာ သက်ပြင်းတစ် ချက်ချလိုက်တော့သည်။

~~~~~~~~~~~~~~~~

"မင်းတို့ကို ဒီနေ့ ဒီမှာ တန်းစီခိုင်းရတာက ကြေညာစရာ တခုရှိလို့ပဲ။ မင်းတို့လဲ ဒီကိုရောက်ပြီး လေ့ကျင့်ရေး ဆင်းနေရတာ တစ်လ ကျော်ကျော် ကြာပြီ။ မင်းတို့ ဖုန်းSimcard တွေ သိမ်းထားရတာက မင်းတို့ လုံခြုံရေး ကြောင့်ပဲ။ ဒါပေမယ့် မင်းတို့လဲ အိမ်တွေ ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ်ပြတ်နေတာ တစ်လ ကျော် ကြာနေပြီမို့ စိတ်ပူမှန်း သိတယ်။ မင်းတို့လိုပဲ အိမ်ကလူတွေကလဲ မင်းတို့ အဆင်ပြေလား ကောင်းကောင်းမွန်မွန် ရှိရဲ့လား သိချင်ကြမှာပဲ။
အဲ့တာကြောင့် ငါ ဌာနချုပ်ကို ဆက်သွယ် ခွင့်တောင်းပြီး ဒီတပ်စခန်းမှာ စက်တစ်ခု တပ်ဆင်လိုက်တယ်။ အဲ့ဒီစက်က ရန်သူဘက်က ထောက်လှမ်းနေတဲ့ ရေဒါလှိုင်းတွေကို အနှောက်အယှက်ပေးတဲ့ စက်ပဲ။ အဲ့တာကြောင့်မို့ မင်းတို့ ဒီမှာ ဖုန်းသုံးလို့ရပြီ"

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now