အပိုင်း ၅

4K 310 12
                                    

(Zawgyi)

"နာမည် အသက် ပြော"

"ကောင်းမြတ်ပါ။ အသက်က 24ပါ"

" ဒီမှာ စောင်နဲ့ ဝတ်စုံတစ်စုံ။ တကိုယ်ရည် သုံး ပစ္စည်းတွေတော့ ပါလာတယ်မလား"

"ဟုတ်။ ပါလာပါတယ်"

"ဒီမှာ စာရင်းပေးပြီးရင် ရှေ့က တဲမှာ သွားနားလို့ရတယ်။ မနက်ဖန် မနက် ၅နာရီကျ ဒီရှေ့က ကွင်းမှာ လူလာစုပါ"

"ဟုတ်ကဲ့။ ကျေးဇူးပါ"

"နောက်တယောက်ပြော။"

"နွဦေးသာပါ။ အသက်က 24ပါ"

" ဒီမှာ စောင်နဲ့ ဝတ်စုံ တစ်စုံ...
သတိ ခေါင်းဆောင်။ အလေးပြု"

စာရင်းမှတ်နေရင်း ထရပ်လိုက်သော စာရင်းကောက်သူ တပ်သားကြောင့် နွဦေးသာတယောက် လှည့်ကြည့်လိုက်မိသောအခါ အရပ်မြင့်မြင့်နှင့် ပြောက်ကျား ယူနီဖောင်း ဝတ်ထားသော လူတယောက် နှင့် ထိုလူနောက်မှပါလာသော အသက်ကြီးကြီးလူနှစ်ယောက်ကို တွေ့လိုက်ရသည်။

"ဘယ်လိုလဲ ဖိုးကေ အဆင်ပြေရဲ့လား"

"ပြေပါတယ် ခေါင်းဆောင်။ ဒီနေ့ လူတွေအများကြီး ဝင်လာတာမို့။ ပစ္စည်းတွေကတော့ သိပ်မလောက်တော့လို့ ဝတ်စုံ တစ်စုံစီပဲ ပေးနိုင်တော့တယ်။ ကျန်တာတွေကတော့ လာတဲ့သူတွေအားလုံးက ကိုယ့်ပစ္စည်း ကိုယ်ယူလာကြတာမို့ အခက်အခဲသိပ်မရှိပါဘူး။ "

"အေး အေး။ လုပ်လက်စကို ဆက်လုပ်ပါ"

နွဦေးသာတယောက် သူတို့ပြောစကားများကို ငြိမ်၍ နားထောင်နေစဉ်တွင် ခေါင်းတွေမူးနောက်ပြီး ရင်ထဲ နေလို့မကောင်းလာ၍ ဘေးဘက်သို့ ပြေးခါ ထိုးအန်ချလိုက်မိသည်။

"ဝေါ့ "

"နွဦေး အဆင်ပြေရဲ့လား"

"ရတယ် ကောင်းမြတ်။ လှေစီးလာရလို့ နဲနဲ မူးသွားတာ။"

"ရော့ ရော့ ရေသောက် လိုက်အုံး"

ဤအခြင်းအရာကို မြင်သော ထိုအရပ်အမြင့်မြင့်ပြောက်ကျား ဝတ်စုံဝတ်ထားသော သူမှ မဲ့ပြုံးပြုံးကာ စုတ်တချက် သပ်လိုက်လေသည်။

"ကျွတ်....ခံယူချက် မရှိပဲ ဒီကိုအပျော်လာတဲ့ သူတွေ အခုထဲက နောက်လှည့်ပြီး ကိုယ့်အိမ်ကိုယ် ပြန်လို့ရတယ်။
ဒီမှာက မင်းတို့ မြို့မှာလို တောထဲပျော်ပွဲစား ထွက်လို့ရတဲ့နေရာမဟုတ်ဘူး။
တိုက်ရဲ ခိုက်ရဲ သေရဲ သတ်ရဲမှ။
ခံယူချက်မရှိပဲ တလနှစ်လနဲ့ အိမ် ပြန်ပြေးမဲ့ ပျော့တိပျော့ဖတ် ကောင်တွေ အခုထဲက ပြန်တော့။ ဒီမှာ မင်းတို့ကို ခေါ်ထားရတာ အစားဖိုးကုန် အချိန်ကုန်တယ်။"

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now