(Zawgyi)
(ဒီအပိုင်းအား PG-13 သတ်မှတ်ထားသောကြောင့် သတိပြုကာ ဖတ်ရှုစေချင်ပါသည်)
2023 ခုနှစ် ဂျူလိုင်လ။
"ကောင်းရေ လွှတ်အုံး။ အကို စာသွားသင်ရအုံးမယ်"
"လွှတ်ဖူး။ အကို့ကို ဖက်ထားမှာ မလွှတ်ပေးချင်ဘူး"
"ကဲ ငဆိုးလေးရေ။ လွှတ်တော့။ အကို ကျောင်းမှာ စာသွားသင်ရအုံးမယ်။ ကောင်းလဲ ရွာတွေဘက် စစ်ကြောင်းလှည့် ရအုံးမှာမလား"
"မသိဘူးဗျာ မထချင်ဘူး။ အကို့ကို ဖက်ပြီးတော့ပဲနေချင်တာ"
"ကဲ ထတော့ဆို။ စစ်ကြောင်းနောက်ကျရင် ခေါင်းဆောင်စော ဆူမှာမကြောက်ဘူးလား။ ဆူရုံတင်မဟုတ်ပဲ ဒိုက်၁၀၀ ထိုးခိုင်းနေရင်ဘယ်လိုလုပ်မလဲ""ထပြီဗျာ ထပြီ။ ဟွန့်"
လွှတ်ပေးလိုက်သဖြင့် ထကာ စာသွားသင်ရန် ပြင်ဆင်နေသည်ကို ကောင်းကတော့ အိပ်ရာပေါ်မှ ကြည့်နေလေသည်။
"အကို""အင်း"
"ဒီနေ့ ကျောင်းမှာ စာသွားမသင်ပါနဲ့လားဗျာ"
"ဘာဖြစ်လို့လဲ ကောင်းရဲ့""မသိဘူး။ ဒီနေ့ ကျွန်တော့်စိတ်ထဲ လေးနေသလိုပဲ။ ဒီနေ့တစ်ရက်တော့ နားလိုက်ပါလား။ အကိုက နေ့တိုင်းသွားသင်ပေးနေတာပဲ။ တစ်ရက်လောက် နားလဲ တခြားလူတွေက ဘာမှမပြောလောက်ပါဘူး"
"မဖြစ်ဘူးကောင်းရဲ့။ ကလေးတွေရှိသေးတယ်လေ။ တခြားသူတွေက ဘာမှမပြောလဲ ကလေးတွေက အကို့ကို မျှော်နေကြမှာ။ ကောင်းစိတ်ထင်လို့ပါ။ ဘာမှမဖြစ်ဘူးနော်။ နေ့တိုင်းလဲ သွားနေကြပဲကို။ စိတ်မပူနဲ့နော်။ ကောင်းသာ စစ်ကြောင်း လှည့်တာ ဂရုစိုက်"
"အင်းပါ အကိုရယ်။ ဘာပဲဖြစ်ဖြစ် ဂရုစိုက်နော် ကျွန်တော်မပါတော့ စိတ်ပူတယ်ဗျာ ဘာပဲဖြစ်ဖြစ်"
"အင်းပါ ကောင်းရဲ့ မွ"
နှုတ်ခမ်းဆီသို့ အနမ်းတစ်ချက်ပေးကာ ရေချိုးရန် ထွက်သွားသော အကိုသီဟအား ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
ဒီနေ့မှ သူ့စိတ်တွေဘာလို့လေးနေလဲမသိတော့။ စိတ်ထဲတွင်နေလို့မကောင်းပေ။
YOU ARE READING
နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]
RomanceKNUလွတ်မြောက်ရေးနယ်မြေရှိ ခေါင်းဆောင်စောထိုမှုး။ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားလေး နွေဦးသာ။ နွေဦးတော်လှန်ရေးအတွင်း တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက နွေဦးပန်းတွေ ပွင့်လာချိန်မှာတော့.....။ 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭- 𝐏𝐚𝐧𝐧 𝐄𝐚𝐢𝐧 KNUလွတ်...