အပိုင်း ၂၁

3.2K 246 9
                                    

(Zawgyi)

"ငါ့ကို ဘာလို့ ဒီဖက် ဆွဲခေါ်လာတာတုန်း"

သေနတ်ပစ်လေ့ကျင့်ရေး ဆင်းနေတုန်း ခန နားချိန်တွင် မြတ်နိုးအိမ်နှင့် မှုန်ရီချယ်တို့ ဆွဲခေါ်မှုအောက် ပါသွားသော နွဦေးသာ။

မြတ်နိုးအိမ်: ပြောစမ်း နင် ငါတို့ကို လျှိုထားတာတွေ။

နွဦေးသာ: ဘာကိုလဲ။

မှုန်ရီချယ်: ဘာကို ဘာကိုလဲ လဲ။ နင် နဲ့ ခေါင်းဆောင်စော အခြေအနေလေ။

နွဦေးသာ: အဲ့ အဲ့တာက ။

မြတ်နိုးအိမ်: အဲ့တာက ဘာဖြစ်လဲ။

နွဦေးသာ: နင်တို့က သိသိကြီးနဲ့ လာမေးနေတယ်။ ကောင်းမြတ်ပြောလို့ သိပြီးပြီမလား။

မှုန်ရီချယ်: သိသိ မသိသိ။ ငါတို့က နင်ပြောတာ ကြားချင်တာလေ။

မြတ်နိုးအိမ်: အေးလေ Comfirm ဖြစ်ချင်တာ။

နွဦေးသာ: အေးလေ။ နင်တို့သိတဲ့အတိုင်းပဲကို။

မြတ်နိုး၊ မှုန်မှုန်: အား............

နွဦေးသာ: ဖြေးဖြေးအော်ကြပါဟ နင်တို့ကလဲ ကြားသွားလို့ အဆူခံနေရအုံးမယ်။

ကောင်းမြတ်: ဘယ်သူက ခေါင်းဆောင်ရဲ့ ရည်းစား အသစ်စက်စက်လေးကို ဆူမှာလဲ။

နွဦေးသာ: ကောင်းမြတ် မင်းပါးစပ် ခနလောက် ပိတ်ထားပေးလို့ရမလား။

ကောင်းမြတ်: အမယ် မလိုအပ်တော့ ငါ့ကို ပစ်ပြီပေါ့။ ရည်းစားရှိသွားပြီ ဆိုတော့ ဘော်ဒါတွေကို ပလစ်ပြီပေါ့ ရပါတယ်။

နွဦေးသာ: မင်းရဲ့ ဒရမ်မာတွေ မင်းဒေါက်တာ့ဆီမှာ သွားသုံး။ ငါ့လာမသုံးနဲ့ ဒိုး။

မှုန်ရီချယ်: ဒေါက်တာက ဘာဖြစ်လို့လဲ။

နွဦေးသာ: အဲ့မှာလေ ကောင်းမြတ် ဒေါက်တာ မရှိထဲက လင်းတမှိုင် မှိုင်နေတာ။

မြတ်နိုးအိမ်: ဘာလဲ Second Couple လားဟ ကောင်းမြတ်။

ကောင်းမြတ်: မဟုတ်ပါဘူးဟာ။ စဉ်းစားတုန်း။

မှုန်ရီချယ်: နင်က ဘယ်တုန်းက လိုင်းပြောင်းသွားတာလဲ။ ငါတို့တောင် မသိလိုက်ပါလား။

မြတ်နိုးအိမ်: အေးလေ။ နင်တို့နှစ်ကောင်နော် ရှိတာမှ ဒီသူငယ်ချင်းလေးယောက်ထဲကို။ ဟိုလျှို ဒီလျှိုနဲ့ ခွဲခြား ခွဲခြား လုပ်ရင် တော့ နှစ်ကောင်လုံး ငါ့လက်ချက်နဲ့ တွေ့မယ်မှတ်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now