အပိုင်း ၂၀

4.1K 299 17
                                    

(Zawgyi)

ထိုညက နှုတ်ဆက်အပြီး ခေါင်းဆောင်စော စစ်ကြောင်း ထွက်သွားသည်မှာ တစ်ပတ်ခန့်ပင် ရှိလေပြီ။

မြင်မြင်ရာ သူ့ပုံရိပ်တွေပဲ မို့ မိမိ ခေါင်းကိုပင် ရိုက်မိတော့သည်။

ခေါင်းဆောင်စော နားနေတဲသို့ သွားသွားကြည့်ရသည်မှာလဲ အမောပင်။

ဖထီးယူကို မေးလွန်းလှ၍ ဖထီးကပင် သူ့ကိုမြင်လျှင် ဗိုလ်လေး သတင်းမရသေးဘူးလို့ပါ စပြောတတ်နေလေပြီ။

"နွဦေးသာ နွဦေးသာ မင်းတော်တော် အရူးရင့်နေပြီပဲ။ စိတ်လေးဘာလေး ထိန်းစမ်း"

ကိုယ့်ကိုကိုယ် သတိပေးရင်း နေသော်လဲ လွမ်းသည့်စိတ်က ပိုပိုတိုးလာနေသည်။

တစ်ပတ်ကြာသည်အထိ ဘာသတင်းမှ မကြားရသောကြောင့်လဲ ပို၍ စိတ်ပူလာရတော့သည်။

သတိရစိတ်ကြောင့်ရော စိတ်ပူသည့်စိတ်ကြောင့်ရော ရောထွေးကာ အိပ်မပျော်ပေ။
ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နှင့် နေရင်း ဘေးနားက အတူနေ ရဲဘော်များ အနှောက်အယှက်ဖြစ်မည် ဆိုး၍ ထကာ အိပ်ဆောင် အပြင်သို့ ထွက်လာခဲ့တော့သည်။

ထိုအခါ ကွင်းဘေးရှိ သစ်တုံးတွင် ထိုင်ကာ ဆေးလိပ်သောက်နေသော ကောင်းမြတ်ကို တွေ့လိုက်ရပေသည်။

"နွဦေး လာလေ။ အိပ်မပျော်လို့လား"

"အင်း ဟုတ်တယ်။ မင်းရောပဲလား"

"အင်း .... အော် Sry ကွာ။ မင်းဆေးလိပ်နံ့ မခံနိုင်ဘူးမလား ငါ မီးသတ်လိုက်မယ်"

"ရပါတယ်ကွာ သောက်ပါ။ ဒီမှာ နေလာတာ ကြာလာတော့ ဆေးလိပ်နံ့လဲ နဲနဲ ခံနိုင်လာပါပြီ အရင်ကလောက် မဟုတ်တော့ဘူး သောက်ပါ"

"အေး အေး ကျေးဇူးပဲ"

"ဟင်း......."
"ဟင်း......."

နှစ်ယောက်လုံး ပြိုင်တူ သက်ပြင်းချသံကြောင့် တယောက်ကို တယောက်ကြည့်ကာ ရယ်မိလိုက်သေးသည်။

ထို့နောက်တွင်တော့

"နွဦေး မင်းကို ငါတစ်ခု မေးလို့ရမလား"

"မေးလေ။ ဘာမေးမို့လဲ"

"တမျိုးတော့မထင်နဲ့။ မင်းစိတ်လဲ မဆိုးနဲ့"

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Onde histórias criam vida. Descubra agora