အပိုင်း ၂၇

3.9K 285 15
                                    

(Zawgyi)

"နွဦေး မအိပ်သေးဘူးလား ဘာထိုင်လုပ်"

"ဘာမှ မလုပ်ပါဘူးဟာ။ ဒီအတိုင်းပဲ ထိုင်နေတာ"

"စိတ်ညစ်စရာ ရှိလို့လား"

"မရှိ မရှိပါဘူး"

"အော်။ ဟိုကောင် ကောင်းမြတ်ကတော့ ဘဲရပြီးထဲက ငါတို့နဲ့တောင် သိပ်မတွေ့ဖြစ်ဘူး။ သူ့ဘဲနားပဲ ကပ်နေတာ။ အဆင်ပြေနေပုံပဲ"

"အင်း ဟုတ်တယ် ကောင်းမြတ်ကတော့ ဒေါက်တာဘေးနား တောက်တဲ့လိုပဲ ကပ်နေတာ"

"သူက အဆင်ပြေနေပြီ။ နင်တို့ရော ဘယ်အခြေအနေရောက်ပြီလဲ"

"ဘယ်အခြေအနေမှ မရောက်သေးပါဘူး"

စိတ်မပါလက်မပါအသံကြောင့် မြတ်နိုးအိမ် အံ့သြမိသွားသည်။

"အမ် တကယ်ကြီး။ ခေါင်းဆောင်က နင့်ကိုဘာမှ မလုပ်ရသေးဘူးလား"

"အင်း...ငါတခု မေးလို့ရမလား နင်က Fujoshi လဲ ဖြစ်တော့ နဲနဲ သိမလားလို့လေ"

"မေးလေ"

"ခေါင်းဆောင်ကို နင်တို့အမြင်နဲ့ဆို ဘယ်လိုမြင်လဲ"

"အင်း အမြင်အရဆို ကြည့်တာနဲ့တင် Seme Type ပေါ့ဟ။ ဒါပေမယ့်ဟာ လိင်တူနှစ်သက်ခြင်းအကြောင်းအရာတွေက နဲနဲ ရှုပ်ထွေးတယ်မလား။ ယောက်ျားနဲ့ မိန်းမလို ပုံမှန် သတ်မှတ်ထားတာမျိုး မရှိတော့ အမြင်နဲ့တင် အပေါ်အောက် ခွဲခြားလို့ မရဘူးလေ။ နင်နဲ့ ခေါင်းဆောင်မှာဆို ဘယ်သူက ဘာဆိုတာ အကုန်လုံး သိကြပေမယ့် တခါတလေကျ အမြင်နဲ့ ဆုံးဖြတ်လို့ မရနိုင်တာတွေ ရှိတာပဲ"

"ဘယ်လိုမျိုးလဲ"

"ဥပမာကွာ ခေါင်းဆောင်က အပြင်ပန်းပုံသဏ္ဍာန်အရ ကြံခိုင်သန်မာတဲ့ ပုံစံ ဖြစ်ပေမယ့်လဲ အတွင်းစိတ်က နူးညံ့ချင် နူးညံ့နေ နိုင်တာပဲ"

"ဟမ် အဲ့တာက ဖြစ် ဖြစ်နိုင်လို့လား"

"ငါလဲ သေချာတော့ မပြောတတ်ဘူးလေ။ ဒါပေမယ့် တခါတလေမှာ ကိုယ်မြင်ရတာနဲ့ လက်တွေ့က ကွဲပြားတာတွေ ရှိတတ်ကြောင်း သဘောပြောပြတာပါ"

"အင်း"

"ဒီလောက် ချစ်စရာ ကောင်းတဲ့ ငါ့သူငယ်ချင်းလေးကို မတို့မထိပဲ ထားထားတယ် ဆိုတော့ ငါလဲ ပြောရခက်သား"

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Opowieści tętniące życiem. Odkryj je teraz