အပိုင်း ၁၆

3.2K 265 18
                                    

(Zawgyi)

နွဦေးသာ စားဖိုတဲရှေ့တွင် ယောင်လည်လည်လုပ်နေမိသည်။

အကြည့်များကတော့ မုန့်ပဲသရေစာများ တင်ထားသည့် စားပွဲခုံပေါ်သို့။

ထိုစားပွဲခုံ ရှေ့တွင်တော့ မုန့်တစ်ထုပ် ဒိုက်အခါ ၂ဝ ဟုရေး ထားသည့် စာတန်းတခု။
ဟုတ်ပါသည်။

ထောက်ပို့တပ်မှ ပစ္စည်းယာဉ်တန်းရောက်ပြီးနောက် ပြည်သူအလှူရှင်များမှ လှူဒါန်းလိုက်သော မုန့်မျိုးစုံ အဝတ်အစားမျိုးစုံ ပစ္စည်မျိုးစုံတို့ ကြောင့် တပ်စခန်းမှာတော့ ရိက္ခာ အစားအသောက်များ အလျှံအပယ်ပင်။

သို့သော်လဲ ပြည်သူ အလှူရှင်များ လှူဒါန်းလိုက်သည့်ပစ္စည်းများ ကို အလကားမဖြစ်စေရန် ရည်ရွယ်၍ ပြည်သူများကို ကာကွယ်ရန်အတွက် လေ့ကျင့်ရေးသဘောဖြင့် ဒိုက်ထိုးကာ အကြိမ်ရေ သတ်မှတ်၍ သုံးစွဲစေသည်။

ဥပမာအားဖြင့် ကော်ဖီတစ်ထုတ်လျှင် ဒိုက် အခါ ၂ဝ၊ ဆေးလိပ်တစ်လိပ်လျှင် ဒိုက် ၁ဝခါ၊ မုန့်တစ်ထုတ်လျှင် ဒိုက် အခါ ၂ဝ စသည်ဖြင့်။

နွဦေးသာ စားပွဲပေါ်ရှိ အားလူးကြော်မုန့်မျိုးစုံ၊ Oishi မုန့်မျိုးစုံ၊ Nabati မုန့်များ၊ ယိုစုံထုပ်များ၊ သကြားလုံးများ၊ ဘီစကစ်မုန့်တို့ကို နှမြောတသစွာ ကြည့်ရင်း တံတွေးမြိုချမိသည်။

လက်ထဲတွင်လဲ အာလူးကြော်မုန့်တစ်ထုတ် ကိုင်ထားလျှက်။

နွဦေးသာလို အစားသောင်းကြမ်းပြီး သရေစာကြိုက်သော ကောင်လေးမှာတော့ ဒီလို မုန့်တစ်ထုတ်ထဲနဲ့တင် အာသီသ မပြေ။
ဒါပေမယ့်လဲ ဒိုက် အခါ ၂ဝ ထိုးပြီးပြီမို့ ထပ်မထိုးနိုင်တော့ချေ။

ဤသို့ဖြင့် မုန့်စားပွဲရှေ့မှ ရှုံမဲ့မဲ့နှင့် မထွက်ချင် ထွက်ချင်ဖြင့် အာလူးကြော်တစ်ထုပ်အား ပိုက်ကာ ထွက်လာခဲ့ရတော့သည်။

ကောင်းမြတ်ရှိရင်တော့ ဒိုက် အစားထိုးပေး၍ မိမိစားချင်သည့် မုန့်အား ပေးမှာသေချာသည်။

သို့ရာတွင် အခုအချိန်တွင် ကောင်းမြတ်သည်လဲ ဒဏ်ရာနှင့်မို့ ဒုက္ခမပေးချင်ပေ။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now