အပိုင်း ၄

4.9K 391 16
                                    

(Zawgyi)

"နွဦေး ရရဲ့လား မင်းခြေထောက် ကျည်ထိသွားတာလား "

"ရတယ် လင်းရောင် မထိဘူး ပြေးရင်း သံပြားနဲ့ ခြစ်မိတာ ဖြစ်မယ်။ သွေးနဲနဲပဲ ထွက်နေတာ ကိစ္စမရှိဘူး။ မှုန်မှုန့်ကိုပဲ ဂရုစိုက်လိုက်"

"ငါ သူ့ကို ကောင်းမြတ်နဲ့ ခေါ်သွားခိုင်းလိုက်ပြီ။ သူတို့က တော်တော်ဝေးဝေးမှာရောက်နေတာ မင်းကို မတွေ့လို့ ပြန်လာရှာတာ"

"မြတ်နိုးကော"

"သူ့ကိုလဲ ပူမနေနဲ့ ဟိုခွေးတွေ စပစ်ထဲက ကလေးတွေခေါ်ပြီး ပြေးခိုင်းထားတာ ကြာပြီ။ မင်းကိုမင်းပဲ ပူ။ မြန်မြန်လာ ငါ့ကို တွဲလိုက်။ စစ်ခွေးတွေ နီးနေပြီ။ ဖမ်းမိသွားလို့မဖြစ်ဘူး။"

"ရပါတယ် ငါ ဖြေးဖြေးလာခဲ့မယ်။ ငါခြေထောက်ရှသွားပြီး နာနေလို့ "

"မင်းမတွေ့လို့ လိုက်ရှာတာ ခြေထောက်မှာသွေးတွေ တွေ့တော့ ကျည်ထိတယ်ထင်သွားတာ။ ငါဖြင့်လန့်သွားတာပဲ"

"ဒီလောက်နဲ့ မထိသေးပါဘူးဟ။ ငါက ကွန်ဖူးတတ်တယ်လေ အရှောင်အတိမ်းကျွမ်းတယ်။"

" ဟ ဟ အေးပါကွာ"

"ဟိတ် ကလေးတွေ မြန်မြန်ပြေးကြ ဟိုမှာ လာနေပြီ ပြေးပြေး ပြေး "

တိုက်ခန်းအပေါ်ထပ် တခုဆီမှ အန်တီတယောက်သတိပေး လှမ်းအော်သံကြောင့် နွဦေးသာနှင့် လင်းရောင်တို့ ခပ်မြန်မြန်လျှောက်မိသည်။ နွဦေးခြေထောက်ကြောင့်ပြေးလို့မရနိုင်သည် မဟုတ်ပါလား။

ထိုစဉ် နောက်က လူအုပ်တအုပ်ပြေးလာသံ ကြားမိသည်။ သေနတ်သံတွေလဲ ဆူညံ၍ မျက်ရည်ယိုဗုံး ပစ်ထည့်လိုက်သည်လား မသိ မီးခိုးငွေ့တွေနှင့် မသဲကွဲတော့ချေ။

"အဲ့ဒီအကောင်တွေကို ဖမ်း အကုန်ဖမ်း အသေ သာရိုက် ပြန်ခုခံရင် ပစ်သာပစ် "

လူအုပ်ကြားထဲ မီးခိုးဗုံးကြောင့် မီးခိုးငွေ့တွေနှင့် သဲသဲကွဲကွဲမမြင်ရဘဲ အသံများသာ ကြားနေရသည်။ အော်ဟစ်သံရိုက်နှက်သံ ဆူညံသံများနှင့် ပတ်ဝန်းကျင်က ရှုတ်ရှက်ခတ်နေစဉ် သူ့ကိုဖြတ်ပြေးသွားသောသူတယောက်ကြောင့် နွဦေးခြေထောက်ဒဏ်ရာနှင့်မို့ လဲကျသွားတော့သည် ။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Onde histórias criam vida. Descubra agora