အပိုင်း ၁၇

3.9K 308 8
                                    

(Zawgyi)

"မင်းတို့ ဒီနေ့ အရင်လုပ်နေကြ လေ့ကျင့်ရေးတွေ မလုပ်တော့ပဲ လေ့ကျင့်ခန်းရေး အသစ်တစ်ခု လုပ်ရမယ်"

"ဟုတ်ကဲ့ ဌာနမှူး"

"အဲ့တာကတော့ တောထဲမှာ စားစရာသောက်စရာတွေ ရှာဖွေစားသောက်တဲ့ လေ့ကျင့်ရေးပဲ။ မင်းတို့က အခု ဟင်းချက်ပြုတ်နေရတယ် ဆိုပေမယ့် ဒါဟာ စားဖိုတဲမှာရှိတဲ့ ပစ္စည်းတွေကို အဆင်သင့်ယူပြီး ချက်ပြုတ်နေတာဖြစ်တယ်။
တိုက်ပွဲတိုက်ခိုက်တဲ့အခါ တိုက်ခိုက်ရင်း ရက်ရှည် တောထဲပိတ်မိနေတဲ့အချိန်မျိုးတွေလဲ ရှိတတ်တယ်။
စစ်ကြောင်းထွက်ရင်း လူကွဲပြီး တောထဲ မျက်စိလည်တာမျိုးလဲ ရှိတတ်တယ်။
အဲ့ဒီအတွက် တောထဲရောက်နေတဲ့ အခြေအနေမျိုးမှာ၊ အဆင်သင့်ပစ္စည်းတွေ မရှိတဲ့အချိန်မှာ တောထဲက စားလို့ရတဲ့ အရာတွေကို စားသောက်ပြီး ရှင်သန်ဖို့လိုတယ်။
အဲ့ဒီအချိန်မှာ မြင်မြင်ရာ တွေ့ရာ စားရင်လဲ အဆိပ်မိပြီး သေလိမ့်မယ်။
အဲ့တာကြောင့်မို့ ဒီနေ့မင်းတို့ကို တောထဲမှာ ဘယ်လိုရှင်သန် ရှာဖွေစားသောက်ရမလဲ ဆိုတာမျိုးကို သင်ပေးမယ့် လေ့ကျင့်ရေးပဲ။"

"ဟုတ်ကဲ့ ဌာနမှူး"

"အခု နေ့လည်စာ စားပြီးပြီဆိုတော့ ညနေစာအတွက် ထမင်းချက်ထားမှာ မဟုတ်ဘူး။ ဒီ တပ်စခန်းရဲ့အနောက်ဘက်မှာ ရှိတဲ့ တောထဲကို မင်းတို့သွားရမယ်။
အဲ့မှာ အခုကနေစပြီး နေမဝင်ခင် အချိန်ထိ နေထိုင်စားသောက်ရမယ်။ နားလည်ကြလား"

"ဟုတ်ကဲ့"

"အေး သွားရင်းနဲ့ အဖွဲ့လိုက် အဖွဲ့ ဌာနမှူးတွေက ဘယ်ဟာ စားလို့ရတယ် စားလို့ မရဘူးဆိုတာ ပြောပြလိမ့်မယ်။
ဒါပေမယ့် ဝါးရုံတောဘက်ကို ကျော်ပြီးတော့ မသွားပါနဲ့။
ဝါးရုံတောဘက်မှာ မြေမြုပ်မိုင်းတွေ ရှိတယ်။
ဝါးရုံတော ကနေ ရှေ့ဆက်သွားရင် တောနက်တဲ့အတွက်ကြောင့် သားရဲ တိရစ်ဆာန်တွေ ပေါတယ်။
သားရဲတိရစ်ဆာန်တွေကြောင့်ရော ရန်သူတွေ ပတ်ပြီးဝင်လာမှာ ဆိုးတဲ့ အတွက်ကြောင့်ရော မြေမြုပ်မိုင်းတွေ ဆင်ထားရတယ်။ အဲ့တာကြောင့် တောထဲရောက်ရင် သတိဝီရိယနဲ့ သွားလာကြပါ။ နားလည်လား"

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now