အပိုင်း ၁၀

4.4K 336 17
                                    

(Zawgyi)

"ဘာဖြစ်လာကြတာလဲ လူငယ်လေးတို့"

ဆေးပေးခန်းမှာ လိုအပ်တာတွေ စစ်နေသော ဖထီးယူတယောက် လူအုပ်လိုက် လာ၍ ကောင်လေးတယောက်ကို သယ်လာကြသောကြောင့် မေးလိုက်မိသည်။

"တပ်သားတယောက် မေ့လဲလို့ပါ ဖထီး"

"ဟေ ဘယ်လိုဖြစ်လို့တုန်းကွယ့်"

"ကျွန်တော်တို့လဲ မသိဘူး။ လေ့ကျင့်ရေးလုပ်နေတုန်း မေ့လဲသွားတာ။ ခေါ်မရတော့တာနဲ့ ဒီကိုပဲ သယ်လာခဲ့တာ"

"နွဦေး နွဦေး သတိထားပါအုံး"

"ဒုက္ခပါပဲကွယ်။ ဒီကိုလာလာနေတဲ့ ဆရာဝန်လေးကလဲ အခု ရွာဘက်တွေ ဆင်းသွားတာ ကြာပြီ။ ကဲ.....တာဝန်ကျတပ်သား ဗိုလ်လေးစောကို သတင်းပို့ပြီး အမြန်ခေါ်လာခဲ့ပါ "

"ဟုတ်ကဲ့ ဖထီး"

စောထိုမှူးတယောက် သတင်းပို့တာ ရရချင်း ဆေးပေးခန်းသို့ ရောက်လာမိတယ်။

ဆေးပေးခန်းသို့ ရောက်စဉ် ကုတင်ပေါ်မှာ လဲနေသော ကောင်လေးကို တွေ့လိုက်ရတော့ သွားကြည့်၍ မေးမြန်းလိုက်မိတယ်။

"ဘာဖြစ်တာလဲ"

"မသိပါဘူး ခေါင်းဆောင်။ လေ့ကျင့်နေတုန်း လဲကျသွားတာပဲ"

အကြောင်းအရင်း မသိရ၍ တစ်ကိုယ်လုံး စစ်ဆေးကြည့်မိစဉ် မိုးရေများနှင့် စိုနေသော ပြောက်ကျားယူနီဖောင်း၏ ဘောင်းဘီမှာ ပေနေသော သွေးများကို တွေ့လိုက်ရသဖြင့် ခြေထောက်နှစ်ဖက်လုံးကို သေချာ စစ်ဆေးလိုက်သောအခါ ညာဘက် ဒူးအထက်ရှိ ပေါင်ပေါ်တွင် လက်ညိုးလောက် အရွယ်ရှိသော ပြတ်ရှရာ တစ်ခု။

ဘယ်အချိန်ထဲက ဖြစ်နေသည်မှန်း မသိပဲ သွေးများပင် တော်တော်များများ ထွက်ပြီး နေလေရာ ထိုကောင်လေး ဖြူဖျော့၍ ပြာနှမ်းကာ သွေးထွက်လွန်၍ မေ့မျောသွားရခြင်းဖြစ်သည်။

"ဒီလောက် ဒဏ်ရာ ရတာတောင် ကိုယ့်ကိုကိုယ် မသိရကောင်းလား" ဟု ထိုမေ့မျောကာ ပြာနှမ်းနေသည့် ကောင်ငယ်လေးအား ဒေါသထွက်မိတော့သည်။

ပေါင်ရှိ ပြဲနေသော နေရာမှ ဘောင်းဘီစကို ဆွဲဖြဲလိုက်စဉ် ဖြူဖွေးဥနေသော ခြေထောက်များမှာတော့ ဒဏ်ရာရပြီး သွေးများထွက်ကာ ပေရေနေသော်လဲ လှလွန်းလှသည်မို့ မျက်မှောင်တချက်ကြုံ့လိုက်မိသည်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now