အပိုင်း ၂၃

3.1K 250 20
                                    

(Zawgyi)

"ငါတို့သည် ပြည်သူ့အတွက်ဖြစ်သည်"

"ငါတို့သည် ဖယ်ဒရယ်တပ်မတော်၏ ရှေ့ပြေးဖြစ်သည်"

"ငါတို့သည် တိုင်းပြည်နှင့် ပြည်သူ့အပေါ် သစ္စာစောင့်သိပါမည်"

အရေးကြီးပြီ ညီနောင်အပေါင်းတို့။

သွေးစည်းကာ ညီစေညီကြစို့။

ငါတို့ရဲ့သမိုင်းအသစ်ကို ငါတို့သွေးနဲ့ရေးခဲ့ပြီ။

သွေးသစ္စာလဲ ပြုခဲ့ပြီ။

နိုင်ငံတော်အတွက်ဆို အသက်ကိုလဲ ဘာမထီ...

သစ္စာပြုသံများနှင့် သီချင်းသံများပျံလွင့်နေခြင်းမှာတော့ စောထိုမှုးတို့ တပ်စခန်း၏ လေ့ကျင့်ရေးသင်တန်းဆင်းပွဲပေ။

"အလေးပြု ခေါင်းဆောင်"

"မင်းတို့ ဒီသုံးလလုံးလုံး အပင်ပန်း ဆင်းရဲခံပြီး လေ့ကျင့်ရေးတွေ လုပ်ခဲ့ကြတာ အခုသင်တန်းဆင်းတဲ့နေ့တောင် ရောက်လာခဲ့ပြီ။အခုကစပြီး မင်းတို့ဟာ လေ့ကျင့်ရေးတပ်သားတွေ မဟုတ်တော့ပဲ ငါတို့ လင်းယုန်တပ်စခန်းရဲ့ တရားဝင် တပ်သားတွေ ဖြစ်သွားပြီ။

လေ့ကျင့်ရေး သင်တန်းပြီးဆုံးသွားပေမဲ့လဲ့ လေ့ကျင့်ရေးဆင်းနေတုန်းကလိုပဲ စိတ်ဓာတ် အားမာန်မျိုးနဲ့ အမြဲ လေ့ကျင့်ပြီး မင်းတို့ရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်ကို အကောင်အထည်ဖော်ပါ"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်"

"မင်းတို့ကို အခြေခံ စစ်ပညာသင်တန်း သင်ကြားပေးပြီးတဲ့နောက်မှာ မင်းတို့ အလိုရှိရာ တပ်ခွဲတွေကို သွားနိုင်တယ်။ ကွန်မန်ဒိုလေ့ကျင့်ရေး၊ ဖောက်ခွဲရေးသင်တန်း၊ နည်းပညာမြင့်သင်တန်းနဲ့ တခြား အဆင့်မြင့်သင်တန်းတွေ တက်ချင်တဲ့သူတွေလဲ ဌာနချုပ်ကို ဆက်သွယ်နိုင်တယ်။ မြို့ပြတွေကို သွားပြီး မြေအောက်တော်လှန်ရေးအဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းကာ တော်လှန်ရေးတွေလဲ ဆက်လုပ်နိုင်တယ်။ ဒါမှမဟုတ် ဒီတပ်စခန်းမှာနေပြီး ကျေးရွာတွေ တပ်စခန်းတွေကို ကာကွယ်တိုက်ခိုက်ပေးတာမျိုးလဲ ဆက်လုပ်နိုင်တယ်။ မင်းတို့ စိတ်အားထက်သန်ရာကို ရွေးချယ်ပြီး နည်းမျိုးစုံနဲ့ ဆက်လက်တော်လှန်နိုင်တယ်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now