အပိုင်း ၁၈

3.9K 310 31
                                    

(Zawgyi)

မနက် လင်းကြက်တွန်ချိန်တွင် ဗုံးဖြုတ်တပ်သား နှင့် ဖထီးယူ အတူရောက်လာပြီး ဗုံးကို အသက်မဲ့သွားအောင်ပြုလုပ်နေသည်။

ကျွမ်းကျင်တပ်သားမို့ သေချာစွာ ဖြုတ်နေသော်လဲ စိတ်ပူစွာဖြင့် ကြည့်နေမိသည်။

ကလေးငယ်ကတော့ ကြောက်လို့ထင်ပါရဲ့ သူ့လက်အား တင်းတင်းဆုပ်ကိုင်ထားသည်။
၅မိနစ်လောက် ကြာတော့ ဗုံးလဲ အသက်မဲ့သွားရသည်။

နွဦေးသာကတော့ ခြေထောက်ဖယ်လိုက်သော်လဲ အချိန်ကြာမြင့်စွာ ဖိထားရမှုကြောင့် ခြေတစ်ဖက်မှာ ကြွက်တက်နေလေပြီ။

လမ်းလျှောက်ဖို့ အဆင်မပြေသောကြောင့် ခေါင်းဆောင်စောကပဲ တွဲ၍ တပ်စခန်းဆီသို့ ပြန်လာခဲ့ရတော့သည်။

ခေါင်းဆောင်စော၏ နားနေတဲ သို့ရောက်သော် ကြိုရောက်နေသော ကောင်းမြတ်က

"နွဦေး အဆင်ပြေရဲ့လား ဘာဖြစ်သွားသေးလဲ။ မိုင်းနင်းမိလို့ဆို"

"အင်း ဘာမှမဖြစ်ပါဘူး။ ဗုံးကို ဖယ်လိုက်ပြီ။ခြေထောက်ပဲ ကြွက်တက်နေတာ"

"တော်သေးတာပေါ့။ မနေ့က မင်း မိုင်းနင်းမိလို့ ဆိုပြီး အဆက်အသွယ်ရတာနဲ့ ငါစိတ်ပူနေတာ။ တော်သေးတယ် ခေါင်းဆောင်စော အတူရှိလို့"

ကောင်းမြတ်ပြောသံကြောင့် ခေါင်းဆောင်စောကို ကြည့်လိုက်တော့ မနေ့ညကလို မျက်နှာမျိုး မဟုတ်တော့ပဲ အရင်အတိုင်း မျက်မှောင်က ကြုံထားဆဲ။

"ဘာဖြစ်လို့ များပါလိမ့် သူ့အား စိတ်ဆိုးနေသည်လား"

တွေးနေရင်း ခေါင်းဆောင်စော လေသံမာမာကြောင့် အတွေးစတို့ ပြတ်သွားရသည်။

"ကျန်တဲ့သူတွေ ကိုယ့်နေရာကိုယ် သွားတော့။ တပ်သားနွဦေး နေခဲ့"

"ဟုတ်ကဲ့၊ နွဦေး ခနနေ တွေ့မယ်နော်"

"အေး အေး"

သူ့အား ဘာစကားမှ မပြောပဲ တဲအိမ်ပေါ်သို့ တက်သွားသောကြောင့် နောက်မှ လိုက်ကာ တောင်းပန်စကားဆိုမိသည်။

သတိပေးထားသည့် ကြားမှ သွားကာ ပြသနာဖြစ်ရသည်မို့ စိတ်ဆိုးနေခြင်းသာ ဖြစ်မည် ထင်သည်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now