အခန်း ၂၁.၂

Start from the beginning
                                    

“ဘာတွေ ဖြစ်နေတာလဲ”

ကုဝူကျိက လေးနက်စွာ တွေးလိုက်သည်။

“ဖြစ်နိုင်တာက သရဲမက လူစားထိုးရှာချင်နေတာလား”

ထို့နောက် ထိုမိန်းကလေး၏ ခန္ဓာကိုယ်အောက်တွင် ခင်းထားသော သူ၏ကိုယ်ပိုင်ဂျာကင်ကိုလည်း တွေ့လိုက်ရသည်။ 

ဆိုတော့ ဒီကောင်မလေးက အဲ့ဒီသရဲမများလား၊ ဒါပေမယ့် ဘယ်နေရာကပဲကြည့်ကြည့် လူသားနဲ့တူနေတာပါ။

ဩစတင်က အနားသို့ မကျေမနပ်လေသံနှင့်အတူ ရောက်လာပြီးပြောသည်။ 

“မင်းက မင်းရဲ့အလုပ်ရှင်ကို ပစ်သွားပြီး အခြားတစ်ယောက်ကို သွားကယ်တယ်၊ ကြည့်ရတာ ငါ့ကို တကယ်အရေးကြီးတယ်လို့ သဘောမထားဘူးပဲ”

“စိတ်မကောင်းပါဘူး၊ အခြားတစ်ယောက်က အကူအညီကို လိုအပ်နေလို့ပါ”

ကုဝူကျိက ဆက်ပြောလိုက်သည်။

“တကယ်လို့ ခင်ဗျား မကျေနပ်ဘူးဆိုရင် ကျွန်တော့်ကို ကြိုက်သလို အပြစ်ပေးလို့ရပါတယ်”

သည်နေရာက ပုံတူလောကလောကတစ်ခု ဖြစ်လင့်ကစား တစ်ဖက်လူများက အစစ်အမှန်လူသား ဟုတ်မဟုတ် မသိနိုင်သည့်တိုင် ကုဝူကျိကမူ ကိစ္စများကို ကိုင်တွယ်သည့်ပုံစံကို ပြောင်းလဲခြင်း မရှိချေ။ 

“ငါ မင်းကိုအပြစ်တင်ချင်တယ်လို့ မင်းက ထင်နေတာလား၊ ငါက ဒီအတိုင်း မင်းကို နောက်လိုက်တာပါ”

ဩစတင်အနေဖြင့် သူက အထိမခံဟု ခံစားလိုက်ရကာ ပြောလိုက်သည်။

“ငါက မင်း လူဆိုးမဟုတ်မှန်း သိပါတယ်၊ ငါ့ရဲ့သက်တော်စောင့်အဖြစ် ခေါ်ဆိုဖို့ ထိုက်တန်မှန်းလည်း ငါ သိတယ်၊ တကယ်လို့ မင်းကသာ ငါ့ကို အပြင်မှာ မျက်နှာမပျက်စေချင်ဘူးဆိုရင် ကောင်းကောင်းကြိုးစားဖို့ လိုအပ်တယ်၊ ငါ ဒီတစ်ကြိမ် မင်းကို အပိုကြေးပေးမှာပါ”

ကုဝူကျိ “ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးဩစတင်”

သူ၏အလုပ်ရှင်က လူကောင်းတစ်ယောက်ဖြစ်သည်ဟု သူ အလိုလို ခံစားမိနေသည်။

နတ်ဆိုးအုပ်စုက ငါလေးကို ဖွင့်ပြောချင်နေတယ်Where stories live. Discover now